မဲသဝေါ လမ်းမ တလျှောက် ရွာတွေက လူ ၄ ထောင်နီးပါး ထွက်ပြေးခဲ့ရ

  • 20 စက်တင်ဘာ 2016
karen_refugees_dkba_bgf_
Image caption အများစု က မြိုင်ကြီးငူ ဒေသ ဘက်ဆီ ထွက်ပြေး။

ကရင်ပြည်နယ် မဲသဝေါ လမ်းမ တလျှောက် ဖြစ်ပေါ် ခဲ့တဲ့ တိုက်ပွဲ တွေ ကြောင့် ထွက်ပြေး နေရတဲ့ ဒေသခံ တွေ အယောက် ၄ ထောင် နီးပါး ရှိနေပြီလို့ ဒုက္ခသည် တွေ ကို အကူ အညီ ပေးနေတဲ့ ဖရီး ရိန်းဂျား ဘားမား အဖွဲ့က ပြောပါတယ်။

လှိုင်းဘွဲ့ မြို့နယ် ထဲက ထီးကလိုသော၊ ဂုသောပု နဲ့ ကျောက်တိုင် အပါအဝင် ကားလမ်းမ အနီး ရွာတွေက အရပ်သား တွေ အများစု ထွက် ပြေး တိမ်း ရှောင် နေရတာ ဖြစ်တယ် လို့ ဆိုပါတယ်။

အများစု က မြိုင်ကြီးငူ ဒေသ ဘက်ဆီ ထွက်ပြေး ကြပြီး ၊ လှိုင်းဘွဲ့ မြို့ အနီးက နောင်တိုင် အပါအဝင် ကျေးရွာ တချို့ မှာ ရောက် ရှိ နေသူ တွေ လည်း ရှိနေပါတယ်။

မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် ရွာထဲက မထွက်ရဲပဲ ကျန်နေသေးတဲ့ ရွာသားတွေလည်း ရှိတယ်လို့ ဖရီး ရိန်းဂျား ဘားမား အဖွဲ့က ပြောပါတယ်။

ဒုက္ခသည် တွေ ကို အရပ်ဖက် အဖွဲ့အစည်းတွေက ထောက်ပံ့ ကူညီ နေကြ ပေမယ့်လည်း အကူအညီ တွေ မရောက် နိုင်တဲ့ နေရာ တွေ လည်း ရှိနေ တယ်လို့ ဆိုပါတယ်။

မဲသဝေါ ဒေသမှာ နယ်ခြားစောင့်တပ် BGF အသွင် ပြောင်းထားတဲ့ တပ်ဖွဲ့နဲ့ အစိုးရတပ် တွေ ပူးပေါင်း ထားတဲ့ အင်အားစုနဲ့ ဒီမိုကရက်တစ် ကရင် အကျိုးပြု တပ်မတော် DKBAအဖွဲ့ခွဲ တစ်ခု အကြေား တိုက်ပွဲ တွေ ပေါ်ပေါက် ခဲ့တာ ဖြစ်ပြီး၊ အခု အချိန် မှာတော့ DKBA အဖွဲ့ဟာ သံလွင်မြစ်ဘက် ဆုတ်သွားလို့ တိုက်ပွဲ ရှိန် လျော့ကျ သွားတယ် လို့ ဖရီး ရိန်းဂျား ဘားမား အဖွဲ့က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ