တနင်္သာရီ မြေယာပြဿနာ ကော်မရှင်ဖွဲ့ ဖြေရှင်းမယ်

  • 20 စက်တင်ဘာ 2016
_dawei ဓာတ်ပုံ မူပိုင် AFP
Image caption ၂ဝ၁၂ မြေယာ ဥပဒေ ဟာ ဒီမိုကရေစီ စနစ် နဲ့ မကိုက်ညီ။

တနင်္သာရီ တိုင်း ဒေသကြီး ထဲမှာ မြေယာ ကိစ္စ ဖြေရှင်း ဖို့ လာမယ့် သီတင်း ပတ်ထဲ မှာ ကော်မရှင် တစ်ရပ် ဖွဲ့စည်းသွား မယ် ဆိုပြီး တိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် က ဘီဘီစီကို ပြောပါတယ်။

အစိုးရ စစ်တပ်ပိုင် အဖြစ် သိမ်းယူ ခဲ့တဲ့ မြေ ဧက ၃ ထောင် ကျော် ကို စစ်တပ် က ပြန်လည် စွန့်လွှတ် တဲ့ အတွက် ပိုင်ရှင် တွေ လက် ပြန် ပေး နိုင်ခဲ့ပြီ ဖြစ်ပေမယ့် တခြား ဖြေရှင်း စရာ မြေယာ ကိစ္စ တွေ အများကြီး ကျန် နေသေးတယ်လို့ လည်း တနင်္သာရီ ဝန်ကြီးချုပ် က ဆိုပါတယ်။

လက်ရှိ အသက်ဝင် နေတဲ့ ၂ဝ၁၂ မြေယာ ဥပဒေ ဟာ ဒီမိုကရေစီ စနစ် နဲ့ မကိုက်ညီပဲ ဖြစ်နေတဲ့ အတွက် မြေယာ ကိစ္စ ဖြေရှင်းရေး မှာ ခရီးမတွင် နိုင် ဖြစ်နေရတယ် လို့ ဒေါက်တာ လဲ့လဲ့မော် က ဆိုပါတယ်။

ဥပဒေ ကြောင်း ဆိုင်ရာ အပြောင်းအလဲ တွေ လုပ်ဆောင်ဖို့ မြေယာ ဥပဒေ အသစ် တစ်ရပ် ရေးဆွဲ နေပြီး၊ အဲဒီလို ဥပဒေ သစ် တစ်ရပ် မပေါ်ပေါက် လာသေးခင် မှာ ကော်မရှင် ကနေ တာဝန် ယူ ဖြေရှင်းဖို့ ကြိုးစားမယ် ဆိုပြီး ဒေါက်တာ လဲ့လဲ့မော် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ