ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြည်သူ့ လွှတ်တော်ထံ တင်သွင်း

  • 21 စက်တင်ဘာ 2016
_myanmar_business
Image caption ဥပဒေသစ် အရ ရင်းနှီး မြှုပ်နှံ မှု ကဏ္ဍ ကို အားပေး တဲ့ လုပ်ငန်း မျိုး တွေကို သာ ၅ နှစ် အခွန် ကင်းလွတ် ခွင့် ပြု တော့မယ်။

မြန်မာ နိုင်ငံမှာ စီးပွားရေး လုပ်ကိုင်ကြမယ့် နိုင်ငံသား နဲ့ နိုင်ငံခြား သားတွေ အတွက် ရင်းနှီး မြှုပ်နှံမှု ဥပဒေ နှစ်ရပ် သီးခြားစီ မထား တော့ပဲ ပေါင်းစည်း လိုက်တဲ့ ဥပဒေသစ် တစ်ရပ်ကို အတည်ပြုနိုင်ဖို့ ပြည်သူ့ လွှတ်တော် ထံ မနေ့ စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူး နေ့က တင်သွင်း လိုက်ပါတယ်။

အဲဒီ့ ဥပဒေသစ် မူကြမ်း အရ၊ မဟာဗျုဟာ မြောက် အရေးပါတဲ့ လုပ်ငန်း တွေ၊ ရင်းနှီးမြှုပ်နှံ မှု ပမာဏ ကြီးမားတဲ့ လုပ်ငန်းတွေ ၊ သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက် မလား ဆိုပြီး စိုးရိမ် ရတဲ့ လုပ်ငန်း မျိုး တွေကိုသာ မြန်မာ နိုင်ငံ ရင်းနှီး မြှုပ် နှံမှု ကော်မရှင် MIC က ဆုံးဖြတ် သွား တော့ မှာ ဖြစ်တယ်လို့ MIC က ပြောပါတယ်။

ဒါ့ကြောင့် ဒီ ဥပဒေ သစ် သာ အတည် ဖြစ်လာ ခဲ့ရင် တိုင်း ဒေသကြီးနဲ့ ပြည်နယ် အာဏာပိုင် တွေ မှာ လုပ်ငန်း ငယ် တွေကို လုပ်ခွင့် ပေးနိုင်တဲ့ အခွင့် အာဏာ ရှိ လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် MIC ရဲ့ အတည်ပြုမှု ကို တော့ ရယူ ရဦးမှာ ဖြစ်တယ်လို့ MIC ရဲ့ ဒု တိယ ညွှန်ကြား ရေးမှုး ချုပ် ဦးသန်းအောင်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

MIC က ခွင့်ပြု ပေးသမျှ လုပ်ငန်း တိုင်း ဟာ ၅ နှစ် အခွန် ကင်းလွတ်ခွင့် ရခဲ့တာကနေ ဥပဒေသစ် အရ တော့ ရင်းနှီး မြှုပ်နှံ မှု ကဏ္ဍ ကို အားပေး တဲ့ လုပ်ငန်း မျိုး တွေကို သာ ၅ နှစ် အခွန် ကင်းလွတ် ခွင့် ပြု တော့မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘယ်လို လုပ်ငန်း မျိုး တွေ ဟာ ရင်းနှီး မြှုပ်နှံ မှု ကဏ္ဍ ကို အားပေး တဲ့ လုပ်ငန်း မျိုး လည်း ဆိုတာ ကို အတိတကျ သတ်မှတ် ပေးလာ မှာ ဖြစ်ပါတယ်။

ဥပဒေ သစ် မှာ မြန်မာ နိုင်ငံသားတွေ အတွက် သီးခြား ပေးထား တဲ့ အခွင့် အရေး တွေ ပါဝင် မှာ ဖြစ်သလို၊ အသေးစားနဲ့ အလတ်စား စီးပွားရေး ကို ဦးစား ပေး မြှင့်တင်ဖို့ ရည်ရွယ် ထားတဲ့ အချက် မျိုးတွေ လည်း ထည့်သွင်း ထားတယ်လို့ ဦးသန်းအောင်ကျော် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ