ဝိနည်းမညီတဲ့ သံဃာတွေ ကို အရေးယူဖို့လုပ်ဆောင်နေ

  • 22 စက်တင်ဘာ 2016
monk myanmar ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုဟင်ဂျာ ဆိုတာ မရှိကြောင်း ဆန္ဒပြကြတဲ့ သံဃာတွေ

သံဃာ့ စည်းကမ်း ဝိနည်းတွေနဲ့ ညီညွတ်အောင် မလိုက်နာတဲ့ သံဃာတွေ ကို အရေးယူ ဖို့ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူးက ပြောပါတယ်။

ရန်ကုန်တိုင်းသံဃ မဟာနာယက အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လုပ်မယ့် ဒီအစီအစဉ် ဟာ ရန်ကုန်တိုင်းက အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်သွားမှာပါ။

ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မောင် က သံဃာမဟုတ်ပဲ လူပုဂ္ဂိုလ်တွေက သဃန်းရုံကာ အလှူခံနေကြတာတွေ ၊ သံဃာတန်မဲ့ ကားမောင်းတာ ဆိုင်ကယ်မောင်းတာတွေ လုပ်နေကြတာတွေ က မသင့်လျော်ဘူး လို့ ဆိုပါတယ်။

သံဃာဆိုင်ရာ ညွှန်ကြားချက်တွေထဲမှာ ဘယ်လိုကိစ္စမျိုးတွေ ဆိုရင် ဆန္ဒပြလို့ မရကြောင်းလည်း အတိအလင်း ညွှန်ကြားထားကြောင်း သူက ပြောပေမယ့် အသေးစိတ်ကိုတော့ ပြောကြားနိုင်ခြင်း မရှိပါဘူး။