လိုင်ဇာနား အစိုးရ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်

  • 24 စက်တင်ဘာ 2016
kia ဓာတ်ပုံ မူပိုင် AFP
Image caption ဒုတိယ ပင်လုံ ညီလာခံ အပြီး တိုက်ပွဲတွေဆက်ဖြစ်

ကချင်ပြည်နယ်က ကေအိုင်အေရဲ့ လိုင်ဇာ စစ်ဌာနချုပ် နားမှာ အစိုးရ တပ်က ရဟတ်ယာဉ်တွေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။

လိုင်ဇာနားက ကေအိုင်အေ တပ်စွဲထားတဲ့ တောင်ကုန်း ၂ ခုကို သောကြာနေ့ ညနေက ရဟတ်ယာဉ် ၃ စီး၊ ဂျက်တိုက်လေယာဉ် တစီးနဲ့ တိုက်ခိုက်တယ်လို့ ကေအိုင်အေ ပြန်ကြားရေးက ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဒီလို လေယာဉ်နဲ့ တိုက်ခိုက်တာတွေ မဖြစ်တာ ကြာပြီလို့လည်း ဆိုပါတယ်။

အထိအခိုက် အပျက်အစီး မသိရသေးပါဘူး။ ဒီနေရာကို အစိုးရ ဘက်က ပြည့်သူ့စစ်တွေ သုံးပြီး တိုက်မယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

လာတိုက်တဲ့ အစိုးရစစ်ကြောင်း အင်အား သုံး လေးရာလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ကေအိုင်အေ ဘက်က ခုထိ အစိုးရနဲ့ ထိတွေ့ပြောဆိုတာတွေ မရှိဘဲ UNFC ဘက်ကပဲ ဆွေးနွေးသွားမယ်လို့ ယူဆကြောင်း ဒု ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ