မီဒီယာကောင်စီ နဲ့ အယ်ဒီတာတွေ တွေ့ဆုံ

  • 25 စက်တင်ဘာ 2016
press myanmar ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိ အစိုးရ လက်ထက် သတင်းရယူမှု ခက်ခဲ

ရန်ကုန် မြို့မှာ သတင်းမီဒီယာကောင်စီ နဲ့ ပြည်တွင်းက သတင်း အယ်ဒီတာ တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။

သူတို့ အဓိက ဆွေးနွေးခဲ့ကြတာက လက်ရှိ အစိုးရ လက်ထက် သတင်းရယူမှု ခက်ခဲ နေတာကို ဖြေရှင်းဖို့ ဖြစ်ပြီး နောက်တခုက မြန်မာနိုင်ငံ သတင်းအယ်ဒီတာများ အသင်း ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့တဲ့ ကိစ္စပါ။

အယ်ဒီတာအသင်း ဖွဲ့တာဟာ ပုံနှိပ်ထုတ်ဝေရေး ကိစ္စတွေမှာ အစိုးရ အသာစီး ယူထားမှုတွေကို သတင်း အယ်ဒီတာ အသင်းဘက်က ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် ဖြစ်တယ်၊ တခြား ကိစ္စတွေမှာ လည်း ကျန်အသင်းအဖွဲ့ တွေနဲ့ ပူးပေါင်း လုပ်ဆောင်သွား ဖို့ ဖြစ်တယ် လို့ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် ကိုမြင့်ကျော် ကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ Aim Star ကုမ္ပဏီက ကိုဂျိုးဇက် ဆိုသူက ဟောပြောပွဲ တခုမှာ သတင်းထောက်တွေကို စော်ကား ပြောဆို တာတွေ ရှိနေပါတယ်။

ဒါတွေကို စာနယ်ဇင်းကောင်စီက အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အဖြေရှာဖို့ တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ