ဆူးလေ အထပ်မြင့် အဆောက်အဦကို မြို့တော်စည်ပင် ငွေဒဏ်ချမှတ်

  • 25 စက်တင်ဘာ 2016
_sule_square_project
Image caption ၂၂ ထပ် ဆောက်လုပ်ဖို့ ခွင့်ပြုချက် ယူပြီး ၂၄ ထပ် ဆောက်လုပ် ထား။

ရန်ကုန် မြို့လယ်ခေါင် ဆူးလေ စကွဲ Sule Square အထပ်မြင့် အဆောက်အဦ ဟာ ခွင့်ပြုချက် ရယူ ထားတဲ့ ဒီဇိုင်းနဲ့ ကွဲပြား ကာ အထပ်ပို တွေ လည်း ဆောင်လုပ် ထား လို့ ဆိုပြီး ရန်ကုန် စည်ပင် သာယာ ကော်မတီ က ကျပ်ငွေ သိန်းပေါင်း နှစ်သောင်း ကျော် ဒဏ်ရိုက် လိုက်ပါတယ်။

လူနေ တိုက်ခန်းတွေ၊ ဈေးဆိုင် နေရာ တွေ နဲ့ ရုံးခန်းတွေ ပါဝင်မယ့် ဆူးလေ စကွဲ အဆောက်အဦ ကို ၂၂ ထပ် ဆောက်လုပ်ဖို့ ခွင့်ပြုချက် ယူပြီး ၂၄ ထပ် ဆောက်လုပ် ထားတဲ့ အတွက် အခုလို ဒဏ်ရိုက် ခံ ခဲ့ရတာ ပါ။

ပို ဆောက်သမျှ စတုန်းရန်း တစ်ပေ ပတ်လည် ကို ငွေကျပ် တစ်သောင်းခွဲ နဲ့ မြှောက်ပြီး ဒဏ်ရိုက် တာ ဖြစ်တယ်လို့ ရန်ကုန် စည်ပင် ရဲ့ အဆောက်အဦ ဌာန က ဘီဘီစီ ကို ပြောပါတယ်။

အခု ဒဏ်ရိုက် လိုက်တဲ့ ပမာဏ ဟာ စည်ပင်သာယာ က အရေးယူ ဖူးသမျှ တွေ ထဲ အပြင်းထန်ဆုံး ငွေဒဏ် ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အခုနှစ်ကုန် ပိုင်း ဆိုရင် ဖွင့်လှစ် တော့မယ့် အဲဒီ့ အထပ်မြင့် အဆောက်အဦ မှာ ပိုနေတဲ့ အထပ်တွေ ကို ပြန် ဖျက်ခိုင်း တာမျိုး လုပ်မှာ မဟုတ်ပေမယ့် တချို့ နေရာ တွေမှာ ဒီဇိုင်းပိုင်း ဆိုင်ရာ ပြန်လည် ပြင်ဆင်ဖို့ ရန်ကုန် မြို့တော် စည်ပင် က အမိန့် ထုတ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ