NLD ပါတီ ထူထောင်တာ ၂၈ နှစ် ပြည့်ပြီ

  • 26 စက်တင်ဘာ 2016
_nld_28th_anniversary
Image caption ၁၉၈၈ လူထု အုံကြွမှု ကို စစ်တပ် က အာဏာသိမ်း ဖြိုခွဲ ခဲ့ပြီး ရက် အနည်းငယ် အတွင်း မှာပဲ NLD ကို တရားဝင် မြေပေါ် နိုင်ငံရေး ပါတီ အဖြစ် စတင် ထူထောင်။

လက်ရှိ မြန်မာ နိုင်ငံ အစိုးရ ကို ဦးဆောင် ဖွဲ့ထားပြီး ဥပဒေပြု လွှတ် တော် နှစ်ရပ်မှာလည်း လွှမ်းမိုး ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဟာ စက်တင်ဘာ ၂၇ ရက် နေ့မှာ စတင် တည်ထောင် တာ ၂၈ နှစ်ပြည့် ပြီ ဖြစ်ပါတယ်။

၁၉၈၈ လူထု အုံကြွမှု ကို စစ်တပ် က အာဏာသိမ်း ဖြိုခွဲ ခဲ့ပြီး ရက် အနည်းငယ် အတွင်း မှာပဲ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး မိတ်ဖက် အင်အားစု တွေ စုပေါင်း ပြီး NLD ကို တရားဝင် မြေပေါ် နိုင်ငံရေး ပါတီ အဖြစ် စတင် ထူထောင် ခဲ့ကြတာ ဖြစ်ပါတယ်။

ပါတီ ရဲ့ ၂၈ နှစ် မြောက် နှစ်ပတ်လည် အခမ်းနားကို ဒီကနေ့ အင်္ဂါ နေ့ မှာ ရွှေဂုံတိုင် ရုံးချုပ် မှာ ကျင်းပ ကြဖို့ ရှိ နေပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြည်ပ ခရီးစဉ် က ပြန်လာ အပြီး ခရီးဒဏ် ကြောင့် အနားယူ နေရတဲ့ အတွက် ပါတီ နှစ်ပတ်လည် အခမ်းအနား ကို တက်ရောက်ဖို့ မရှိဘူးလို့ ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်း က ဆိုပါတယ်။

၉ဝ ရွေးကောက်ပွဲ မှာ မဲ အပြတ်အသတ် နဲ့ နိုင်ခဲ့တုန်း က အာဏာ မရရှိ နိုင်ခဲ့တဲ့ NLD ပါတီ ဟာ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်မှု နောက် မှာတော့ အစိုးရ ကို ဦးဆောင် ဖွဲ့ လာနိုင် ပါတယ်။

၂ဝဝ၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရဲ့ အကန့်အသတ်ကြောင့် သမ္မတ နေရာကို မရယူ နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး နဲ့ အစိုးရကို လက် တွေ့ အရ ဦးဆောင် မှု ပေး နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ