DKBA ဆီကို ပို့မယ့် လက်နက်တွေ ထိုင်းမှာ ဖမ်းမိ

  • 30 စက်တင်ဘာ 2016
Image caption ပြီးခဲ့တဲ့ ၂ ရက်မှာ မော်တာ ပစ် ခတ်သံတွေ ပြန်ပြီး ကြားနေရ

စက်တင်ဘာလ ၃၀ ရက်နေ့က ဒီကေဘီအေခွဲထွက် အဖွဲ့ဆီကို ပို့မယ့် လက်နက်ခဲယမ်း တွေနဲ့ ရိက္ခာခြောက်တွေကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

မဲသဝေါ ဒေသမှာ အစိုးရ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့ နဲ့ ဒီကေဘီအေ ခွဲထွက် အဖွဲ့ ဟာ တိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။

မဲဆောက်အုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့တွေက အမှတ် ၂ ရပ်ကွက် တောင်ယာ ထဲက အိမ် ၃ လုံးနဲ့ ဂိုဒေါင်တလုံး ရှိတဲ့ နေရာကို သတင်းအရ ဝိုင်းပြီး ရှာဖွေရာမှာ ပွိုင့် ၂၂ စနိုက်ပါ တပ်ထားတဲ့ ရိုင်ဖယ်တလက်နဲ့ ကျည်ဆံ တစ်ရာနီးပါး၊ အမ် ၆၇ လက်ပစ်ဗုံး ၁၄၁ လုံး၊ အမ် ၇၉ ကျည် ၅၁ လုံးနဲ့ ငါးသေတ္တာ၊ ခြောက်ဆွဲခြောက်တွေနဲ့ ဆေးဝါးတွေကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

မြန်မာနိုင်ငံသား အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို ထိုင်း တာ၀န်ရှိ သူတွေရဲ့ကနဉီး စစ်ဆေးချက် အရ ဒီပစ္စည်း တွေကို မဲသဝေါက ဒီကေဘီအေ ခွဲထွက်အဖွဲ့ရှိရာ ကိုပို့မှာဖြစ်တယ်လို့အစစ်ခံထားကြောင်းသိရပါတယ်။

လောလောဆယ်အမှုနဲ့ ပတ်သက်ပြီး ဆက်လက် စုံစမ်း ဖေါ်ထုတ် စရာ တွေရှိနေတဲ့ အတွက် ဖမ်းဆီးခံရတဲ့ အမျိုးသား ၅ ယောက်နဲ့အမျိုးသမီး ၁ ယောက်တွေရဲ့ အချက်အလက် တွေကို မထုတ်ပြန်သေး ဘူးလို့မဲဆောက်ရဲကပြောပါတယ်။

မဲသေဝေါဖက်မှာ ပစ်ခတ်သံတွေ မကြားရသလောက်ဖြစ်နေရာက ပြီးခဲ့တဲ့ ၂ ရက်မှာ မော်တာ ပစ် ခတ်သံတွေ ပြန်ပြီး ကြားနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

မြန်မာဖက်အခြမ်းက စစ်ဖြစ်နေတဲ့ ဒေသဘက်ကို အခုလိုမျိုး လက်နက်ခဲယမ်း၊ ရိက္ခာတွေကို လျို့ဝှက် တင်ပို့မှုတွေ ရှိနေမယ်ဆိုရင် တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ထိုင်းနယ်စပ် လုံခြုံရေး တာ၀န်ရှိသူတွေက ပြောကြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ