ရဲတပ်ဖွဲ့နေ့ အရပ်သားတွေကို ဆုချီးမြှင့်

  • 1 အောက်တိုဘာ 2016
myanmar
Image caption အပ်ချုပ်ဆိုင် အမှု ဖော်ထုတ်တဲ့ သတင်းထောက် ရဲဆုရ

၅၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့မှာ တရားခံ ဖမ်းဆီးရာမှာ စွမ်းစွမ်းတမံ ပါ၀င်ခဲ့တဲ့ အရပ်သားတွေ အပါအ၀င် ရဲ၀န်ထမ်း နှစ်ဆယ်ကို ဆုချီးမြှင့်ခဲ့ပါတယ်။

ဆုချီးမြှင့်ခံရတဲ့ အရပ်သားတွေထဲမှာ အင်း၀ အပ်ချုပ်ဆိုင် အိမ်အကူ အမှုကို ဖော်ထုတ်ခဲ့တဲ့ သတင်းထောက် ကိုဆွေ၀င်း၊ ထိုင်းရောက် မြန်မာတွေ အရေး ဆောင်ရွက်ပေးနေတဲ့ ဦးကျော်သောင်းတို့ ပါဝင်ပါတယ်။

ဒီဆုတွေကို စံပြရဲဆုနဲ့ မှုခင်းဖော်ထုတ်ရေး စွမ်းရည် သတ္တိပြဆုတွေ အပါအဝင် သတ်မှတ်ထားတဲ့ ဆုရွေးချယ်မှု အရည်အချင်းတွေနဲ့ ချီးမြှင့်ခဲ့တယ်လို့ နိုင်ငံ ဖြတ်ကျော် မှုခင်း ဌာနကြီးက ဒုတိယ ဌာနကြီးမှူး ရဲမှူးကြီး အောင်ဌေးမြင့်က ပြောပါတယ်။

အကျဉ်းထောင်ထဲ မူးယစ်ဆေးနဲ့ လက်နက်တွေ တင်သွင်းတာကို တားဆီးနိုင်ခဲ့တဲ့ ရဲ အရာရှိ ၂ ယောက်လည်း စွမ်းရည် သတ္တိဆု ရတယ်လို့ ဆိုပါတယ်။

မှုခင်း ဖော်ထုတ်ရေး အတွက် ဒီအင်အေ မျိုးဗီဇ စစ်ဆေးရာမှာ ကူညီခဲ့တဲ့ ဆရာဝန်ကြီး ဒေါက်တာနေဝင်းကိုလည်း ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ကိုဆွေ၀င်း ကိုတော့ ရဲတပ်ဖွဲ့ သတင်းတွေကို မှန်မှန်ကန်ကန်ရေးသား ဖော်ပြပြီး အားနည်းချက် လိုအပ်ချက်တွေ ထောက်ပြခဲ့လို့ ဆုပေးတာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ