အာဆီယံ ပါလီမန်များ အစည်းအဝေးမှာ မြန်မာ့ စီးပွားရေးမူတွေ အတည်ပြု

  • 2 အောက်တိုဘာ 2016
asean_parliamentary_meeting_myanmar_
Image caption ၇ ကြိမ်မြောက် အာဆီယံ ပါလီမန်များ အဖွဲ့အစည်းအဝေးကို မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် ၃ ရက်တာ လက်ခံ ကျင်းပ။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ပါလီမန်များ အဖွဲ့ အစည်းအဝေး ကနေ မြန်မာ နိုင်ငံက အဆိုပြု ခဲ့တဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ ပိုမို ဖန်းတီး ပေးပြီး လုပ်ငန်းခွင် အနေအထားတွေ တိုးတက် လာအောင် လုပ်ဆောင် ပေးရေးနဲ့ အသေးစား အလတ်စား စီးပွားရေး တွေ အားကောင်း လာအောင် ပြုလုပ် ပေးရေး ဆိုတဲ့ စီးပွားရေး ဆိုင်ရာ ဆုံးဖြတ်ချက် တွေကို အတည် ပြု နိုင်ခဲ့တယ်လို့ နေပြည်တော်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဒါ့အပြင် AEC လို့ ခေါ်တဲ့ အာဆီယံ စီးပွားရေး အသိုက်အမြုံ အသက်ဝင် အကောင်အထည် ပေါ်လာအောင် ဆောင်ရွက် ပေးကြဖို့လည်း သဘောတူ နိုင်ခဲ့တယ် ဆိုပြီး အာဆီယံ ပါလီမန်များအဖွဲ့ စီးပွားရေး ဆိုင်ရာ အဖွဲ့ အစည်းရဲ့ ဥက္ကဌလည်းဖြစ် နွားထိုးကြီးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ကိုနိုင်ထူးအောင်က ဘီဘီစီကို ပြောပါတယ်။

၃၇ ကြိမ်မြောက် အာဆီယံ ပါလီမန်များ အဖွဲ့အစည်းအဝေးကို မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် ၃ ရက်တာ လက်ခံ ကျင်းပ ခဲ့တာ ဖြစ်ပြီး၊ ဒါဟာ မြန်မာ နိုင်ငံ အနေနဲ့ ဒီ အစည်းအဝေးကို ပထမဆုံး အကြိမ် လက်ခံ ကျင်းပ ခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒီ ၃ ရက်တာ အတွင်းမှာ စီးပွားရေး ကဏ္ဍ အပါအဝင်၊ နိုင်ငံရေး၊ လူမှုရေး၊ အမျိုးသမီးကဏ္ဍနဲ့ အသင်းအဖွဲ့များ ကိစ္စ တွေ ဆိုပြီး အဓိက ခေါင်းစဉ် ၅ ခု အောက်မှာ ဆာဆီယံ နိုင်ငံတွေက ပါလီမန်နဲ့ လွှတ်တော် တွေရဲ့ ဥက္ကဌတွေ၊ ဒုဥက္ကဌ တွေ နဲ့ အတူ ကိုယ်စားလှယ် ၂ဝဝ ကျော် တက်ရောက် ဆွေးနွေး ခဲ့ကြပါတယ်။

ဒီ အစည်းအဝေးမှာ သဘောတူခဲ့တဲ့ အချက်တွေကို ရှေ့ဆက် အကောင်အထည် ဖော်နိုင်ဖို့ ၊ သက်ဆိုင်ရာ အစိုးရ အသီးသီးကို တိုက်တွန်းဖို့ နဲ လိုအပ်တဲ့ ဥပဒေတွေ ပြဌါန်းဖို့ ဆက်လက် ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ