ခေါ်ယူ အပ်နှံငွေ အတိုးနှုန်းတွေ ပုဂ္ဂလိက ဘဏ်တွေ လျှော့ချ

  • 2 အောက်တိုဘာ 2016
myanmar_bank_kyats ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်တွင်း စီးပွားရေး အခွင့်အလမ်း နည်းပါး နေတဲ့ အတွက် ဘဏ် အတိုးနှုန်း အပေါ် မှာသာ မှီခို ဖို့ လူတွေ စိတ် အားထက်သန် နေ။

မြန်မာ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တချို့ဟာ Call Deposit လို့ ခေါ်တဲ့ ခေါ်ယူ အပ်နှံငွေ အတွက် ပေးတဲ့ အတိုး နှုန်းတွေ ကို အခု အောက်တိုဘာ လ က စလို့ စတင် လျှော့ချ နေသလို၊ တချို့ ဘဏ်တွေလည်း Call Deposit အတိုး နှုန်းထား တွေ လျှော့ဖို့ ပြင်ဆင် နေပါတယ်။

ပုဂ္ဂလိက ဘဏ်တွေ ဟာ သိန်း တစ်ရာ အထက်ဆို ၈ % နဲ့ သိန်း တစ်ရာ အောက် ဆိုရင် ၄ % ဝန်းကျင် ပေးခဲ့ ကြတာ ကနေ အတိုးနှုန်း လျှော့ချ နေကြတာ ဖြစ်ပါတယ်။

အဲဒီ့ ပမာဏမျိုး အတိုး ပေးတာဟာ ဘဏ်တွေ အတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်လာ စေတယ်လို့ ပုဂ္ဂလိက ဘဏ် တွေ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါကလည်း ပြည်တွင်း စီးပွားရေး အခွင့်အလမ်း နည်းပါး နေတဲ့ အတွက် ငွေကို ရင်းနှီး မြှုပ်နှံ လုပ်ငန်း လုပ်ကြ တာထက် စာရင် ဘဏ် အတိုးနှုန်း အပေါ် မှာသာ မှီခို ဖို့ လူတွေ စိတ် အားထက်သန် နေကြတာ ဖြစ်တယ်လို့ ကျွမ်းကျင် သူတွေက သုံးသပ် ကြပါတယ်။

စျေးကွက်ထဲမှာ ငွေကြေး စီးဆင်းမှု သုံးစွဲမှု အားနည်း နေပြီး စီးပွားရေး တုံ့ နှေးတာတွေ ကို မြန်ဆန်လာအောင် အစိုးရ ဗဟိုဘဏ် နဲ့ ပုဂ္ဂလိက ဘဏ်တွေကြား ညှိနှိုင်းပြီး လုပ်ဆောင် တာ ဖြစ်နိုင်တယ် ဆိုတဲ့ ပြောဆို မှု တွေလည်း ရှိနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ