NLD အမတ်တွေနဲ့ ခေါင်းဆောင်တွေတွေ့

  • 4 အောက်တိုဘာ 2016
NLD
Image caption NLD အမတ်တွေနဲ့ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့

NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီ ခေါင်းဆောင်တွေ အင်္ဂါနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ် ။

ဒီတွေ့ဆုံပွဲမှာ ပြီးခဲ့တဲ့ ၂ ရက် လောက်က တိုင်ကြားခံရတဲ့ ရွှေပြည်သာ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ ပါတယ် ။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်အနေနဲ့ ကာကွယ်ပေးမှာ မဟုတ်ဘဲ ဥပဒေ အတိုင်းပဲ ဆောင်ရွက်မယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ကြောင်း ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးက ပြောပါတယ် ။

ရွှေပြည်သာ လွှတ်တော် ကိုယ်စားလှယ် နဲ့ အပေါင်းအပါ နှစ်ဦးကို ခြိမ်းခြောက်မှုနဲ့ မိုတယ် ရွှေပြည်တော်က မန်နေဂျာက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြား ထားပြီး မကြာခင် အမှုရင်ဆိုင်ရဖို့ ရှိပါတယ် ။

ဒါ့အပြင် ဥပဒေကြမ်း ကော်မတီ အနေနဲ့ လည်း ထည့်ပေးသင့်တဲ့ကိစ္စတို့ကို ထည့်ပေးဖို့ မှာကြားတဲ့အကြောင်း သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ် ။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်း လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ NLD ပါတီခေါင်းဆောင်တွေ တလတကြိမ် ပုံမှန်တွေ့ဖို ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့ပေမယ့် မတွေ့နိုင်ဘဲ နှစ်လ ကြာမှ တစ်ကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ