NCA ထိုး ထားတဲ့ ရခိုင်တပ် ယူနီဖောင်းဝတ် တရားမဟောဖို့ အစိုးရ ပိတ်ပင်

  • 6 အောက်တိုဘာ 2016
_rakhine_alp_party_
Image caption ALP ပါတီ အမှတ်တံဆိပ်နဲ့ ယူနီဖောင်းတွေ ရပ်ရွာထဲ ဝတ်ဆင်ခွင့် မပြု။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဝင်တွေကို သူတို့ရဲ့ ယူနီဖောင်း တွေ ဝတ်ပြီး ရပ်ရွာထဲ စည်းရုံ ဟောပြော တာတွေကို ခွင့်မပြုပဲ တားမြစ်ဖို့ အစိုးရ အာဏာပိုင် တွေက ညွှန်ကြားချက် ထုတ်ပြန် ထားတယ် ဆိုတဲ့ အချက် ပေါ်ထွက်လာပါတယ်။

ALP ဟာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ် ရဲတပ်ဖွဲ့နဲ့ ကျေးရွာ အာဏာပိုင် တွေထံ စက်တာဘာ လ အကုန်ပိုင်းက လျှို့ဝှက်အဆင့် စာထုတ် ညွှန်ကြား ထားခဲ့တာ ဖြစ်ပါတယ်။

ပါတီ အနေနဲ့ လမ်းစဉ် ချမှတ်ပြီး လိုက်လံ စည်းရုံး လှုပ်ရှား နေတာ မျိုး မဟုတ်ပဲ၊ လူငယ်ပိုင်း တချို့က ရပ်ရွာထဲ သွားရင်းလာရင်း ပါတီ အကြောင်း လူအများကို ပြောဆို တာမျိုး တော့ ရှိတယ်လို့ ALP ရဲ့ တွဲဘက် အတွင်းရေးမှုး ဦးအောင်စောသန်းက ဆိုပါတယ်။

ALP ပါတီ အမှတ်တံဆိပ်နဲ့ ယူနီဖောင်းတွေ ရပ်ရွာထဲ ဝတ်ဆင်ခွင့် မပြုဘူး ဆိုတဲ့ အချက်ကို မြောက်ဦး မြို့နယ် ရဲစခန်းက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

NCA ထဲ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုကို အခုလို ရပ်ရွာထဲ ယူနီဖောင်း မဝတ်ဖို့နဲ့ ဟောပြောတာတွေ မပြုလုပ်ဖို့ အာဏာပိုင်တွေ ဘက်က တားဆီးတာ ဒါ ပထမဆုံး အကြိမ်ပဲ လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ