နောက်ဆုံး ရေးသားချိန် 23 မတ်လ 2010 - 20:02 GMT

တရုတ် မြန်မာ နယ်စပ် ကုန်သွယ်ရေး

CRISPY DUCK

ကြွပ်ရွနေတဲ့ တရုတ် ဘဲကင် Crispy Duck

မူဆယ် ၁ဝ၅မိုင် လမ်းကြောင်းကြီးပေါ်မှာ အခုတလော သွင်းကုန်သမားတွေ ကုန်စည် တင်သွင်းမှုကို တော်တော် သွက်သွက် လက်လက် လုပ်ဆောင် နေကြပါတယ်။

မတ်လ ၃၁ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး နှစ်ကုန်ရက် ဖြစ်တဲ့အတွက် ဘဏ္ဍာနှစ် အတွင်း တင်သွင်းစရာတွေကို မြန်မြန်ဆန်ဆန် တက်သုတ်ရိုက် တင်သွင်း နေကြပါတယ်။

နေပြည်တော် လိုင်စင်နဲ့ သွင်းကုန်တွေ အပေါ် တစ်ဒေါ်လာ ၄၅ဝကျပ်နှုန်းနဲ့ပဲ တွက်ချက် ပေးဆောင်ရာက နောင်မကြာခင် ဒေါ်လာရဲ့ ပြင်ပပေါက်ဈေး ပမာဏ အတိုင်း တွက်ချက် ပေးဆောင်ခိုင်းဖွယ် ရှိတယ် ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် သွင်းစရာ သွင်းကုန်တွေကို ပိုပြီး သွက်သွက်လက်လက် တင်သွင်း နေကြပါတယ်။

ဓါတ်မြေသြဇာ ၊ ဘိလပ်မြေ ၊ ဆောက်လုပ်ရေး ပစ္စည်း အမျိုးမျိုး အပြင် စက်နဲ့ စက်အပို ပစ္စည်းမျိုးစုံ ၊ ကွန်ပြူတာ ပစ္စည်းမျိုးစုံ ၊ လူသုံး အိမ်သုံး ပစ္စည်းမျိုးစုံတွေ အပြင် တရုတ်နိုင်ငံထွက် ဂလူးကိုးစ် ထိုးဆေးနဲ့ ဆေးဝါးမျိုးစုံတွေ မြန်မာဖက်ကို တင်သွင်းလျက် ရှိပါတယ်။

မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်းတွေဖြစ်တဲ့ ပဲ ၊ ပြောင်း ၊ နှမ်းတွေ ပုံမှန်အတိုင်း မပျက် တရုတ်ဖက်ကို တင်သွင်းနေပြီး ပဲတီစိမ်း ၊ မတ်ပဲ ၊ ပဲယင်း ၊ ပဲကြီးနဲ့ ပဲလွန်းဖြူ အစရှိသဖြင့် ပဲမျိုးစုံ ဝင်လာနေပါတယ်။

ခုတလော နနွင်းတက် ၊ ကြံသကာနဲ့ ကွမ်းသီးတွေလည်း ထူးထူးခြားခြား တရုတ်ဖက်ကို တင်ပို့တာ တွေ့ရပါတယ်။

နနွင်းတက် ၁တန်ကို ၉၁၇ ဒေါ်လာကျော် ၊ ကြံသကာ ၁တန်ကို ၂၅၈ ဒေါ်လာကျော် ၊ ကွမ်းသီး၁တန်ကို ဒေါ်လာ ၁၆ဝဝ ကျော်နှုန်း တန်ဖိုးထား ဂျူတီဆောင် ကြရပါတယ်။

ဂျင်းခြောက်နဲ့ ကျောက်ဂျင်း ဆိုတာတွေ အပြင် ဆီးသီးခြောက် ၊ ဖန်ခါးသီးခြောက် ၊ ဝဥခြောက် ၊ မျောက်ဥခြောက်နဲ့ မကျီးသီးမှည့် တွေလည်း ဝင်ပါတယ်။

တရုတ် မြန်မာနယ်စပ်မှာ မြန်မာငွေ ကျပ်တထောင်ဟာ တရုတ်ငွေ ၆ယွမ်နဲ့ ဂ၁ပြား ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။