နောက်ဆုံး ရေးသားချိန် 6 ဧပြီလ 2010 - 01:43 GMT

တရားဝင်လမ်းကြောင်းက ကုန်သွယ်တာကို အားပေး

tractor

မြန်မာဖက်ကို သွင်းလာတဲ့ ဆောက်လုပ်ရေးသုံး ဝန်ချီစက်တွေ

မဲဆောက် မြဝတီ ၊ ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှာ ကုန်သည်တွေ အသွားအလာ ပြန်များလာပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေး သိသိသာသာ တိုးတက်လာပါတယ်။

အခု လဆန်းကစပြီး မြဝတီခရိုင် နယ်စပ် ကုန်သွယ်ရေး ညွန်ကြားရေးမှူး အဖြစ် ပြောင်းလာတဲ့ အရာရှိက နယ်စပ်ကုန်သွယ်ရေး တိုးတက်စေဖို့ ဆိုပြီး ကုန်သည်တွေရဲ့ အခက်အခဲတွေကို လွယ်ကူအောင် ဖန်တီးပေးတာကြောင့် ဖြစ်ပါတယ်။

နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး အဟောင်း လက်ထက်တုန်းက ကန့်သတ် ကုန်ပစ္စည်းတွေကို ဒါဏ်ငွေဆောင်တဲ့ ပုံစံမျိုးနဲ့ ဒါဏ်ဂျူတီ ဆိုပြီး အခွန်ဆောင်တာကို ပိတ်လိုက်တဲ့ အတွက် ကုန်သည် အတော်များများက တောလမ်းတွေကနေ ကန့်သတ်ကုန်ပစ္စည်း တွေကို ခိုးသယ်ရတာကြောင့် ကုန်သွယ်ရေးမှာ နှောက်နှေး ကြံ့ကြာရတယ်လို့ ဆိုပါတယ်။

ဘိလပ်မြေ ၊ သံချောင်း ၊ သံပြားနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကို ထိုင်းဖက်ကနေ မြန်မာ နိုင်ငံထဲကို အခွန်ဆောင်ပြီး အများဆုံး တင်သွင်းနေပါတယ်။

ထိုင်းဖက်ကို မြန်မာဖက်က ပြန်တင်ပို့ တာကတော့ ဆန် ၊ ကြက်သွန် ၊ ကြံသကာ ၊ မြေပဲ ၊ ရေထွက်ပစ္စည်း ၊ ငါး ၊ ပုဇွန် ၊ ဂဏန်းတွေနဲ့ သင်္ဃန်း၊ ပရိက္ခရာ အစရှိတာတွေ ဖြစ်ပါတယ်။

လဘက်ထုပ် ၊ ယိုစုံ ၊ ကွမ်းယာပစ္စည်းတွေနဲ့ ဆေးပေါ့လိပ်တွေလည်း ထိုင်းဖက်ကို တင်ပို့လာတာ တွေ့ရပါတယ်။

ထိုင်းအထည်ရွှေ တဘတ်သားဟာ ထိုင်းဘတ် ၁ရ၂၅ဝ ဖြစ်နေပြီး ငွေဈေးကတော့ မြန်မာကျပ်တရာကို ထိုင်းဘတ် ၃ဘတ်၂၃ပြားခွဲနှုန်းနဲ့ ဈေးပိတ်သွားပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။