ဗြိတိန်စီးပွားရေးကျဆင်းနိုင်လို့ ကုန်သည်အသင်းခန့်မှန်း

ဗြိတိန်ရဲ့ ဒီနှစ် စီးပွားရေးတိုးတက်နှုန်းဟာ သူတို့ ပထမမှန်းထားတဲ့ ၀.၆ ရာခိုင်နှုန်းကနေ ၀.၁ ရာခိုင်နှုန်းထိ ကျဆင်းသွားနိုင်တယ်လို့ ဗြိတိန် ကုန်သည်များအသင်း (BCC) က ပြောပါတယ်။

ဒါပေမယ့် ၂၀၁၃ မှတော့ ၁.၈ ကနေ ၁.၉ ရာခိုင်းနှုန်းထိ တက်နိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။

အသင်းဝင်ပေါင်း ၁ သိန်းကျော်ရှိတဲ့ ဒီအသင်းကြီးကနေ သုံးလတကြိမ် စီးပွားရေး ခန့်မှန်းတွက်ချက်မှု ကိန်းဂဏန်းတွေကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

စီးပွားရေးကျဆင်းတဲ့ အခြေအနေကြောင့် အစိုးရအနေနဲ့ ပုဂ္ဂလိစီးပွားရေး လုပ်ငန်းလေးတွေအတွက် အကျိုးဖြစ်စေမယ့် အစီအမံတွေ လုပ်ဆောင်ဖို့ ဒီအသင်းကြီးကနေ တိုက်တွန်းလိုက်ပါတယ်။

အလုပ်လက်မဲ့ ဦးရေကလည်း လက်ရှိ ၂ သန်း ၆ သိန်းကျော်ကနေ ၂ သန်း ၉ သိန်း ထိ တိုးလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အစိုးရပိုင်းလုပ်ငန်းတွေမှာ အလုပ်တွေ လျော့ချခံရလို့ ဖြစ်ပါတယ်။

ဥရောပ ယူရိုဇုန်အတွင်းက ဘဏ္ဍာရေးအကြပ်အတည်းတွေ ဆက်ဖြစ်နေမယ်ဆိုရင် ယူကေ လုပ်ငန်းတွေအတွက် ပိုထိခိုက်လာမယ်လို့လည်း ဘီစီစီ အသင်းက သတိပေးထားပါတယ်။