ယူရိုငွေကို ကယ်တင်ဖို့ အချိန် သိပ်မကျန်တော့

  • 5 ဇွန် 2012
Soros ဓာတ်ပုံ မူပိုင် Getty
Image caption မစ္စတာ ဆိုးရော့စ်

ယူရို ငွေကြေးကို ကယ်တင်ဖို့ဆိုရင် သုံးလလောက်သာ အချိန်ရှိတော့မယ်လို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု သန်းကြွယ်သူဌေးကြီးဖြစ်တဲ့ ဂျော့ဆိုးရော့စ်က ပြောပါတယ်။

ဒီလအတွင်း ဂရိရွေးကောက်ပွဲမှာ အီးယူက ချမှတ်တဲ့ စည်းမျဉ်းတွေအောက်မှာ လိုက်နာဆောင်ရွက်မယ့် အစိုးရတရပ်ကို လူတွေက ရွေးချယ်မယ်လို့ သူယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။

ဂျာမနီစီးပွားရေးဟာ ဒီဆောင်းဦးမှာ ယိုင်နဲ့လာဖို့ ရှိတယ်လို့လည်း သူက သုံးသပ်ပါတယ်။ နောက်ပြီး ဥရောပ ခေါင်းဆောင်တွေဟာ လက်ရှိ အကြပ်အတည်းပြဿနာရဲ့ သဘာဝကို သိပ်နားမလည်ကြဘူးလို့လည်း ဆိုပါတယ်။

မစ္စတာ ဆိုးရော့စ်ဟာ အီတလီက ညီလာခံတစ်ခုမှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုးဆုံး အခြေအနေတစ်ခုဟာ နောက်သုံးလလောက်ကြာရင် ရောက်လာမယ်၊ ဒါကြောင့် ပြင်ဆင်လုပ်ဆောင်ဖို့ သုံးလသာ အချိန်ရတော့တယ်လို့ သူက သတိပေးလိုက်ပါတယ်။