တရုတ်ဝန်ဆောင်မှုလုပ်ငန်းများ နှေးကွေး

  • 5 ဇွန် 2012
China Economy ဓာတ်ပုံ မူပိုင် Getty
Image caption တိုးတက်မှု နှေးလာတဲ့အထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းလည်း ပါဝင်

တရုတ်နိုင်ငံက ဆောက်လုပ်ရေးအပါအဝင် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေဟာ မေလအတွင်း တိုးတက်မှုနှုန်း နှေးကွေးနေပြီး တရုတ်ရဲ့ စီးပွားရေးတခုလုံး နှေးကွေးလာမလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။

ကုန်ထုတ်လုပ်မှုမပါတဲ့ ဝယ်လိုအားအညှန်းကိန်း (PMI) ဟာ ဧပြီလတုန်းက ၅၆.၁ ကနေ မေလမှာ ၅၅.၂ ထိ ကျဆင်းခဲ့ပါတယ်။

ဒီအညှန်းကိန်းဟာ ၂ လဆက်တိုက် ကျဆင်းခဲ့ပြီး မေလ ကိန်းကဏန်းကတော့ တစ်နှစ်အတွင်း တိုးတက်မှုနှုန်း အနည်းဆုံး ဖြစ်ပါတယ်။

ကုန်ထုတ်လုပ်မှုအပိုင်းမှာလည်း မေလအတွင်း သိသိသာသာကျဆင်းခဲ့တယ်လို့ တရုတ်အစိုးရက ပြောခဲ့ပါတယ်။

ဝန်ဆောင်မှု ကဏ္ဍဟာ တရုတ်စီးပွားရေးတခုလုံးရဲ့ ၄၃ ရာခိုင်နှုန်းရှိပါတယ်။