ကမ္ဘာ့ ဒုတိယအကြီးဆုံး လေကြောင်းလိုင်းသစ်

  • 22 ဇွန် 2012
ဓာတ်ပုံ မူပိုင် Airbus Express
Image caption နှစ်ဘက် စလုံး ပူးပေါင်းမှု ကြောင့် အမြတ်ထွက်

ချီလီ လေကြောင်းလိုင်း က ဘရာဇီး လေကြောင်းလိုင်း ကို လုံးဝ လွှဲပြောင်း ယူလိုက်ပြီး ကမ္ဘာ့ ဒုတိယ အကြီးဆုံး လေကြောင်းလိုင်းကြီး ဖြစ်လာပါတယ်။

ဘရာဇီး လေကြောင်း အစု ရှယ်ယာ ဝင်တွေက ဒီ ပူးပေါင်းမှုကို သဘောတူ ခွင့်ပြု ခဲ့ကြပြီး ချီလီ နိုင်ငံ မြို့တော် ဆန်တီ ယေးဂိုးမှာ အခြေစိုက်မယ့် လာတမ် ကုမ္ပဏီသစ် ပေါ်ပေါက် လာပါတယ်။

နှစ်ဘက် စလုံး ဒီ ပူးပေါင်းမှု ကြောင့် အမြတ်ထွက် ခဲ့တယ်လို့လဲ ဝေဖန် သုံးသပ် နေကြပါတယ်။

ချီလီ လေကြောင်းက ဘရာဇီး စျေးကွက်ကြီးထဲ ဝင်လာနိုင် သလို အပြိုင်း အရိုင်း တက်လာတဲ့ ပြည်တွင်း ပြိုင်ဘက် တွေနဲ့ နပမ်းလုံး နေရတဲ့ ဘရာဇီး လေကြောင်း အနေနဲ့လဲ ငွေကြေး ပိုမိုတောင့်တင်းတဲ့ ကုမ္ပဏီ ကြီးတခုနဲ့ ပေါင်းစည်း သွားမိပါတယ်။