ဂျပန် တပတ်ရစ် ကားတွေ မြဝတီ နယ်စပ်မှာ အရောင်းအဝယ် ပြန်ဖြစ်

Image caption မဲဆောက် နယ်စပ် ကားအဟောင်း စျေးကွက်မှာ ကား အပို ပစ္စည်း အစုံ ဝယ်လို့ ရပါတယ်

မြန်မာအစိုးရက ဂျပန်ကျ တပတ်ရစ် ကားတွေကို ရန်ကုန်ကို တိုက်ရိုက် တင်သွင်းခွင့် ပေးပြီးတဲ့ နောက်ပိုင်းမှာ ပျက်လုနီးပါး ဖြစ်သွားတဲ့၊ ထိုင်းနဲ့ မြန်မာ၊ မဲဆောက် မြ၀တီနယ်စပ်က ဂျပန်ကား အ ဟောင်း စျေးကွက်ဟာ အခုပြန်ပြီး အရောင်းအဝယ် ဖြစ်လာပါတယ်။

ဂျပန် ကားအဟောင်း စျေးကွက် မဲဆောက် မြဝတီ နယ်စပ်ဘက်ကို ပြန်ရောက်လာရတာဟာ၊ ၂၀၀၇ အထက် မော်ဒယ် ဂျပန်ကျ တပတ်ရစ် ကားတွေကိုပဲ ရန်ကုန်ကို တိုက်ရိုက် တင်သွင်းခွင့် ပေးတော့ မယ်လို့ အစိုးရက သတ်မှတ်ပေးပြီးတဲ့ နောက်ပိုင်းမှာ အဲဒီလို ကားကောင်း ကားသန့်တွေ ကလည်း ဂျပန်မှာ ရှာရခက်လာတဲ့အတွက် ကုန်သည်တွေက စျေးပေါတဲ့ မော်ဒယ်နိမ့် ကားတွေကို စွန့်စားပြီး ဝယ်လာရာကနေ စျေးအင်မတန်ပေါတဲ့ ဂျပန်ကား အဟောင်းတွေ အရောင်းအဝယ် ဖြစ်လာတာပါ။

ဂျပန်က ကားအကောင်တွေ နောက် မလေးက အကြွေတွေ၊ အဲလိုမျိုး ပုံးတွေ မဲဆောက်ဘက် ပဲလာကြောင်းနဲ့ ဂျပန်က စပယ်ယာပတ် စျေးဝင်တယ်ဆိုရင် ဝယ်ပစ်လိုက်တာ ဖြစ်တယ်လို့ နယ်စပ်ကို ရောက်လာနေတာကို ကုန်သည် တယောက်က ရှင်းပြပါတယ်။

ကားအကောင် ဆိုတာက ကားအစီးလိုက် ဝယ်လာတာကို ဆိုလိုတာ ဖြစ်ပြီးတော့ အကြွေတွေ ဆိုတာက ကားရဲ့ အစိတ်အပိုင်းတွေကို ဆိုလိုတာဖြစ်ပါတယ်။

ကားအစိတ်အပိုင်းတွေကိုလည်း မဲဆောက် နယ်စပ်က ကားအဟောင်း စျေးကွက်မှာပဲ ပုံရောင်းကြပြီး၊ မြန်မာနိုင်ငံ ထဲမှာ ယာဉ်တိုက်မှု၊ မတော်တဆ ဖြစ်မှုကြောင့် ပျက်ဆီးသွားတဲ့ အစိတ် အပိုင်းတွေရဲ့ မူရင်းပစ္စည်းကိုပဲ ပြန်သုံးချင်တယ် ဆိုရင် ဒီစျေးကွက်မှာ ဝယ်ယူကြပါတယ်။

အဲဒီစျေးကွက်မှာက ကားရှေ့နဲ့ လေကာမှန်၊ နောက်ကြည့်မှန်၊ ဘောနတ်၊ ဘေးတံခါး၊ ထိုင်ခုံ၊ လက်ကိုင်ဘီး၊ အင်ဂျင်၊ ဖရိန်အဆုံး၊ ကားတစီးလုံးက ပစ္စည်းတွေကို ပြန်လဲလို့ ရလောက် အောင်ကို ပစ္စည်းတွေက စုံပါတယ်။

လပေါင်း အတော်ကြာအောင် အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားလို့ ကားကုန်သည်တွေ ဘတ်ငွေ သန်းထောင်နဲ့ချီ ဆုံးရှုံးကာ ပျက်လုနီးပါး ဖြစ်သွားတဲ့ မဲဆောက် နယ်စပ်က ဂျပန်ကား အဟောင်းစျေး ကွက်ဟာ အခုတကျော့ ပြန်သက်ဝင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။

ဂျပန်ကား အဟောင်းစျေးကွက် အကြောင်းပြီးတော့၊ ရွှေစျေးနဲ့ ငွေစျေးဘက်ကို ကြည့်ရင်၊ ဇွန်လ ၂၄ ရက် တနင်္ဂနွေနေ့ ညနေပိုင်းမှာ၊ ထိုင်းအထည် ရွှေတဘတ်သားဟာ ထိုင်းဘတ် ၂၃၇၅၀ နှုန်း ဖြစ်ပြီးတော့၊ မြန်မာငွေစျေးက ကျပ်တရာကို ထိုင်းဘတ် ၃ ဘတ် ၇၂ ပြားခွဲ နှုန်းနဲ့ စျေးပိတ်သွားခဲ့ပါတယ်။

အခုစီးပွားရေး သတင်းကို မဲဆောက်က ဘီဘီစီ သတင်းထောက် ကိုအောင်ကျော်ဦးက ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ