ယူရိုဇုန် ဘဏ္ဍာရေး ထိန်းချုပ်တော့ မလား

  • 27 ဇွန် 2012
u summit ဓာတ်ပုံ မူပိုင် AP
Image caption ဥရောပ ကောင်စီ တာဝန်ခံ ရွမ်ပေါင်က တင်သွင်း

ယူရို ငွေကြေး တမျိုးထဲ သုံးစွဲ တဲ့ နိုင်ငံတွေရဲ့ စီးပွားရေး ကိစ္စတွေ နဲ့ ပတ်သက်တဲ့ ဆွေးနွေး စရာ အမြင် သဘောထား တွေကို ဥရောပ သမဂ္ဂ က စဉ်းစား တော့မှာ ဖြစ်ပါတယ်။

ဒီ အဆိုပြု ချက် တွေထဲမှာ နိုင်ငံ အလိုက် ရသုံး မှန်းခြေ စာရင်းကို တခုထဲသော ဥရောပ ဘဏ္ဍာရေး ဌာန အောက်မှာ ထားရှိ ပြီး သဘော တူ ထားတဲ့ မှန်းထားချက်ထက် ကျော်လွန်လာရင် အစိုးရ အသုံးစရိတ် တွေကို ဝင်ကွပ်ကဲ ခွင့် ပေးတာမျိုးထိ ပါဝင်ပါတယ်။

ဒီ အစီအစဉ်ကို ဥရောပ ကောင်စီ တာဝန်ခံ ဟာမန် ဗန် ရွမ်ပေါင်က တင်သွင်းတာ ဖြစ်ပြီး ကြာသပတေးနေ့ ဥရောပ သမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲမှာ တင်သွင်းမှာပါ။

ဥရောပ နိုင်ငံအချို့ကို ရိုက်ခတ် ခဲ့တဲ့ အကြွေး ပြဿနာကြောင့် ဥရောပ သမဂ္ဂ ဘဏ် စနစ် ထားရှိမယ့် အကြံလဲ ပါဝင်ပါတယ်။