တရုတ်ဘဏ်တွေ အမြတ်အများဆုံး ရနေ

  • 2 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Xinhua
Image caption တရုတ်ဘဏ်တွေဟာ ကမ္ဘာ့ဘဏ် လုပ်ငန်း အမြတ် အစွန်းရဲ့ ၂၉ ရာခိုင်နှုန်း ရှိပါတယ်

အခုရှာဖွေ တွေ့ရှိချက် အသစ်အရ ကမ္ဘာပေါ်မှာ အမြတ် အများဆုံး ရတဲ့ ဘဏ်ကြီး ၃ ခုဟာ တရုတ်နိုင်ငံမှာ ရှိကြောင်း သိရပါတယ်။

The Banker မဂ္ဂဇင်းရဲ့ နှစ်ပတ်လည် စစ်တမ်း အရ တရုတ်ဘဏ်တွေဟာ ကမ္ဘာ့ဘဏ် လုပ်ငန်း အမြတ်အစွန်းရဲ့ ၂၉ ရာခိုင်နှုန်း ရှိပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ် ကတော့ အမြတ်အားလုံးရဲ့ ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ မနှစ်ကတော့ ဥရောပ ဘဏ်တွေမှာ ကမ္ဘာ့ အမြတ်အစွန်းရဲ့ ၆ ရာခိုင်နှုန်း လောက်ပဲ ရှိပါတယ်။

မဂ္ဂဇင်း အယ်ဒီတာ Brian Caplen ကတော့ ဥရောပရဲ့ အရှုံးဟာ တရုတ်ရဲ့ အမြတ်ဘဲလို့ ဆိုပါတယ်။

ဘဏ်လုပ်ငန်း အညံ့ဆုံး ဘဏ် ၂၅ ခု အနက် ဥရောပဘက်မှာ ၂၄ ခု ရှိတယ်လို့ စစ်တမ်းအရ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ စက်မှုလက်မှု လုပ်ငန်း ဘဏ် ကတော့ အမြတ်အစွန်း အများဆုံး ရရှိတဲ့ ဘဏ်အဖြစ် စာရင်း ဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ