စပိန်ကို ယူရို ဘီလျံ ၃၀ ထုတ်ချေးဖို့ ယူရိုဇုန် သဘောတူ

  • 10 ဇူလိုင် 2012
Spain ဓာတ်ပုံ မူပိုင် Getty
Image caption စပိန်ကို ယူရိုဇုန်က ယူရို ဘီလျံ ၁၀၀ ထိ ကူနိုင်

ယူရိုဇုန်အတွင်း ၁၇ နိုင်ငံက ဘဏ္ဍာရေး ဝန်ကြီးတွေဟာ စပိန်နိုင်ငံကို ပဏာမအနေနဲ့ ယူရိုငွေ ဘီလျံ ၃၀ ထုတ်ချေးဖို့ သဘောတူလိုက်ပါပြီ။

စပိန်နိုင်ငံက အကျပ်အတည်းဆိုက်နေတဲ့ ဘဏ်တွေကို ဒီလကုန်မှာ ကယ်ဆယ်ရေး ကူညီငွေ ထုတ်ချေးမှာ ဖြစ်ပါတယ်။

ယူရိုဇုန်အတွင်း စတုတ္ထ စီးပွားရေးအင်အားအကြီးဆုံး စပိန်နိုင်ငံအတွက် ကယ်ဆယ်ရေး ကူညီငွေဟာ ယူရို ဘီလျံ ၁၀၀ ထိ ရောက်သွားနိုင်ပါတယ်။

ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ ဝန်ကြီးတွေဟာ ၉ နာရီကြာ ဆွေးနွေးပြီးမှ သဘောတူညီမှု ရခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပြီး စပိန်အစိုးရရဲ့ ဘတ်ဂျတ်လိုငွေပြမှုကို အီးယူမူနဲ့ညီအောင် လျော့ချဖို့ နောက်ဆုံးသတ်မှတ်ချိန်ကိုလည်း ၂ ၀၁၄ အထိ တစ်နှစ် ထပ်တိုးလိုက်ဖို့လည်း ဝန်ကြီးတွေက သဘောတူခဲ့ပါတယ်။

တနင်္လာနေ့တုန်းကတော့ အစိုးရရဲ့ ၁၀ နှစ် ငွေချေးစာချုပ်တွေရဲ့ အတိုးနှုန်းက ရေရှည်မခံနိုင်ဘူးလို့ သတ်မှတ်ထားတဲ့ ၇ ရာခိုင်နှုန်းရဲ့ အထက်ကို ရောက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ