အခွန်ရှောင်မှု အစီအရင်ခံစာ ထွက်ရှိ

  • 22 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် icana
Image caption ကမ္ဘာ့ စီးပွားရေးမှာ ယိုပေါက်ကြီး ဖြစ်ပြီး၊ ဆုံးရှုံး ရတဲ့ အခွန် ဘဏ္ဍာငွေတွေဟာ အင်မတင်မှ များပြား

အခွန် သက်သာခွင့်ပေးတဲ့ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ ရှိတဲ့ ကမ္ဘာပေါ်က အချမ်းသာ ဆုံးသော ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှု တွေဟာ အနည်းဆုံး အားဖြင့် ဒေါ်လာ ၂၁ ထရီလျံ လောက် ရှိမယ်လို့ လေ့လာ သုတေသန ပြုချက် တခုအရ တွေ့ရှိပါတယ်။

ကမ္ဘာ့ စီးပွားရေးမှာ အခုလို ယိုပေါက်ကြီး ဖြစ်ပြီး၊ ဆုံးရှုံးခဲ့ရတဲ့ အခွန် ဘဏ္ဍာငွေတွေဟာ အင်မတန်မှ များပြားလှပါတယ်။

ဒီအတွက် ဖွံဖြိုးဆဲနိုင်ငံ များစွာရဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေမှာ ကြီးမားတဲ့ ကွာဟမှုတွေကို ဖြစ်စေနိုင် တယ်လို့ ဆိုပါတယ်။

ဒီပမာဏဟာ အမေရိကန်နဲ့ ဂျပန်နိုင်ငံ နှစ်ခုပေါင်းရဲ့ ပြည်တွင်း အသားတင် ကုန်ထုန်လုပ်မှု တန်ဖိုး GDP နဲ့ ညီမျှပါတယ်။

ကမ္ဘာ့ အချမ်းသာဆုံး ပဂ္ဂိုလ်တွေရဲ့ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုတွေကို အဓိက ဆောင်ရွက် ပေးနေတဲ့ ပုဂ္ဂလိက ဘဏ် သုံးခု ကတော့ UBS ၊ Credit Suisse နဲ့ Goldman Sachs ဘဏ်တွေ ဖြစ်တယ်လို့ အခွန်မျှတရေးကွန်ယက် Tax Justice Network ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ