BBC navigation

ကြွေးမြီ အကျပ်အတည်းကို ဥရောပဗဟိုဘဏ် ဖြေရှင်းမယ်

နောက်ဆုံး ရေးသားချိန် 6 စက်တင်ဘာလ 2012 - 14:50 GMT

ဥရောပ စီးပွားရေးဟာ တဖြည်းဖြည်းခြင်း နဲ့သာ ပြန်ပြီး နလန်ထူလာမယ်လို့ ဥရောပ ဗဟိုဘဏ် ဥက္ကဌ မာရီရိုဒရာဂီ က ပြော

ယူရိုဇုန်ထဲက ကြွေးမြီ အကျပ်အတည်း ကြီးမားလှတဲ့ နိုင်ငံတွေရဲ့ အစိုးရ ဘွန်းစာချုပ်တွေကို ဝယ်ယူမှာနဲ့ ပတ်သက်ပြီး ဥရောပ ဗဟိုဘဏ် ကနေ အသေးစိတ် အစီအစဉ် တွေကို ကြေညာ လိုက်ပါပြီ။

အစိုးရတွေရဲ့ ရေတို ကြွေးမြီ တွေကို အခုလို ဝယ်ယူခြင်း အားဖြင့် စပိန်နဲ့ အီတလီ တို့လို နိုင်ငံတွေမှာ ငွေချေးယူတဲ့ ကုန်ကျ စားရိတ် လျော့ကျ သွားမယ်လို့ ဥရောပ ဗဟိုဘဏ်က မျှော်လင့် နေပါတယ်။

ဥရောပ ဗဟိုဘဏ် ဥက္ကဌ မာရီရို ဒရာဂီ က ဥရောပ စီးပွားရေးဟာ တဖြည်းဖြည်းခြင်း နဲ့သာ ပြန်ပြီး နလန်ထူလာမယ်လို့ သူမျှော်လင့် ကြောင်း ပြောကြားပါတယ်။

ဒါပေမယ်လို့ ယူရိုငွေကြေး သုံးစွဲနေမှုဟာ နောက်ပြန်လှည့် မှာ မဟုတ်ဘူးလို့ သူက အလေးအနက် ပြောကြားပါတယ်။

ဥရောပ ဗဟိုဘဏ် အနေနဲ့ ထိခိုက် ဆုံးရှုံးမှုတွေ မဖြစ်ရအောင် အပြည့်အဝ အကာအကွယ် ပေးနိုင်ဖို့ကို အသေအချာ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကြာသပတေးနေ့ အစောပိုင်းမှာ စပိန်အစိုးရဟာ ယူရို ၃.၅ ဘီလျံ တန်ဖိုးရှိတဲ့ ဘွန်းစာချုပ်တွေကို အရင်စျေးထက် လျော့ပြီး ရောင်းချနိုင်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။