BBC navigation

မြန်မာနိုင်ငံမှာ ကြွေးဝယ် Master Card သုံးနိုင် တော့မယ်

နောက်ဆုံး ရေးသားချိန် 6 စက်တင်ဘာလ 2012 - 16:37 GMT

၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ Master Card ကို ပြည်တွင်းမှာ ထုတ်ဝေနိုင်မယ်

နိုင်ငံတကာ အကြွေးဝယ်ကဒ် အမျိုးအစား တခုဖြစ်တဲ့ Master Card ကို မြန်မာနိုင်ငံမှာ စတင်အသုံးပြုနိုင်ဖို့အတွက် အမေရိကန် အခြေစိုက် ဘဏ္ဍာရေး ဝန်ဆောင်မှု ကုမ္ပဏီ ဖြစ်တဲ့ Master Card ကော်ပိုရေးရှင်းနဲ့ မြန်မာ သမဝါယမ (CB) ဘဏ် တို့ အကြား သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ငွေထုတ်ပေးတဲ့ ATM စက် အများဆုံး တပ်ဆင်ထားတဲ့ သမဝါယမ ဘဏ်ကို လိုင်စင် ထုတ်ပေးလိုက်ပြီ ဖြစ်တယ်လို့ Marster Card Worldwide ကနေ ကြေညာချက် ထုတ်ပြန် ပါတယ်။

မြန်မာနိုင်ငံမှာ Master Card သုံးနိုင်ဖို့ ပြည်တွင်းက သမဝါယမ ဘဏ်နဲ့ ပူးတွဲ လုပ်ကိုင်မှာ ဖြစ်တဲ့ အကြောင်းကိုလည်း Master Card ကော်ပိုရေးရှင်းက ပြောပါတယ်။

မြန်မာ သမဝါယမ ဘဏ်အနေနဲ့ Master Card ကော်ပိုရေးရှင်းကို အရင်အတည်း က ဆက်သွယ်ခဲ့ကြောင်းနဲ့ အဲဒီတုန်းက စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ထားတဲ့ အတွက် မအောင်မြင် ခဲ့ကြောင်း သမဝါယမ ဘဏ်ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဖေမြင့်က ဘီဘီစီကို ပြောပါတယ်။

Master Card ကို သမဝါယမ ဘဏ်ကနေ လာမယ့်နှစ် အောက်တိုဘာလ လောက်မှာ စတင် ထုတ်ဝေ နိုင်မှာ ဖြစ်တယ်လို့လည်း ဦးဖေမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံက ဘဏ်တွေ အာလုံးအတွက် ပြည်တွင်းမှာ ငွေထုတ်စက် ခန့်မှန်းချေ ၈၂ လုံး ရှိရာမှာ သမဝါယမ ဘဏ်က ၂၄ လုံးရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။