BBC navigation

အက်ပဲလ် နောက်ဆုံးထုတ်iPhone 5 စတင် ရောင်းချ

နောက်ဆုံး ရေးသားချိန် 21 စက်တင်ဘာလ 2012 - 15:43 GMT

ဒီဖုန်းသစ်ကို သန်းနဲ့ချီပြီး ရောင်းရ လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်

အမေရိကန် နည်းပညာ ကုမ္ပဏီဖြစ်တဲ့ အက်ပဲလ် ကနေ သူတို့ရဲ့ နောက်ဆုံးထုတ် စမာ့တ်ဖုန်း ဖြစ်တဲ့ iPhone 5 ကို သောကြာနေ့မှာ စတင် ရောင်းချနေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ အရှေ့ဖျား ဂျပန်နိုင်ငံ တိုကျိုက စလို့ အနောက်ဘက် နိုင်ငံတွေက လန်ဒန်မြို့ အထိ အက်ပဲလ် ဆိုင်တွေမှာ လူတွေဟာ ဒီဖုန်းသစ်ကို ဆိုင်ဖွင့် ဖွင့်ချင်း ဝယ်ယူ ရရှိနိုင်ဖို့ အတွက် တန်းစီ စောင့်ဆိုင်း နေခဲ့ကြ ပါတယ်။

အခု အသစ်ထွက်ရှိ လာတဲ့ iPhone 5 ဟာ အရင် အိုင်ဖုန်းတွေထက် မျက်နှာပြင် ပိုကြီး လာပြီး ထောင့်ဖြတ် အကျယ် ၄ လက္ခ ရှိပါတယ်။ အင်တာနက် ဆက်သွယ် ရာမှာ အလွန်မြန် တဲ့ ဖိုးဂျီ (4G) စနစ်ကို တပ်ဆင် အသုံးပြုထား ပါတယ်။

ဒီဖုန်းသစ်ကို သန်းနဲ့ချီပြီး ရောင်းရ လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ဒါပေမယ့်လို့ တချို့ ကတော့ iPhone 5 အပေါ် သိပ်ပြီး အားတက် သရော စိတ်ဝင်စားမှု မရှိလှတဲ့ သုံးသပ်မှုတွေ ရှိနေပြီး၊ ဖုန်းမှာ အသစ် ထည့်သွင်းထားတဲ့ မြေပုံ စနစ်နဲ့ ပတ်သက်ပြီး မှားယွင်းမှုတွေ ရှိနေတယ် ဆိုတဲ့ ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။