BBC navigation

၂၀၁၃ မှာ မြန်မာ ဂျီဒီပီ မြင့်မယ်

နောက်ဆုံး ရေးသားချိန် 19 ဒီဇင်ဘာလ 2012 - 18:22 GMT

အရှေ့ အာရှရဲ့ စီးပွားရေးဟာ ဆက်လက် ကြန့်ကြန့်ခံ နိုင်နေဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် ပြော

၂၀၁၃ ခုနှစ် အတွက် မြန်မာ နိုင်ငံရဲ့ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး GDP ဟာ ၆ ဒဿမ ၅ ရှိမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်း ချက် ထွက်ရှိလာ ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ မြန်မာ နိုင်ငံရဲ့ GDP ဟာ ၆ ဒဿမ ၃ ဖြစ်ပြီး၊ အရင် တနှစ် ကတော့ ၅ ဒဿမ ၅ ဖြစ် ပါတယ်။

အာရှ ဒေသ နိုင်ငံတွေရဲ့ ၂၀၁၃ ခုနှစ် အတွက် GDP ခန့်မှန်းချက်ကို ကမ္ဘာ့ဘဏ် ကနေ ထုတ်ပြန် လိုက်တာ ဖြစ်ပြီး၊ တရုတ်နဲ့ အရှေ့ အာရှက ဖွံ့ဖြိုးဆဲ နိုင်ငံ တွေရဲ့ GDP ဟာ တိုးမြင့် လာမယ်လို့ ဖေါ်ပြထား ပါတယ်။

၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ GDP ကတော့ ၈ ဒဿမ ၄ ရှိမှာ ဖြစ်ပြီး၊ ထိုင်းက ၅၊ ဗီယက်နမ်က ၅ ဒဿမ ၅ နဲ့ ကမ္ဘောဒီးယားက ၆ ဒဿမ ၇ အသီးသီး ရှိကြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ စီးပွားရေး အားနည်း နေပေမယ့်လည်း အရှေ့ အာရှရဲ့ စီးပွားရေးဟာ ဆက်လက် ကြံ့ကြံ့ခံ နိုင်တဲ့ အနေ အထားမှာ ရှိနေဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။