ဂျပန် စီးပွားရေး ကောင်းမွန် စေဖို့ ဗဟိုဘဏ်က ငွေကြေး ထည့်ဝင်မယ်

  • 4 ဧပြီ 2013
Governor of Japan Central Bank, Haruhiko Kuroda
Image caption ဂျပန် နိုင်ငံ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးသစ် Haruhiko Kuroda

ဂျပန် နိုင်ငံ မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် ကုန်စျေးနှုန်းတွေ ကျဆင်း နေတဲ့ အတွက် စျေးတွေ ပြန်တက်အောင်လုပ် နိုင်ဖို့ စျေးကွက်ထဲကို ငွေကြေး အမြောက် အမြားထည့် ဝင်မယ့် အစီအစဉ် တွေကို ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး အသစ်က ကြေညာလိုက် ပါတယ်။

ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ရာထူးကို ပြီးခဲ့တဲ့ လကမှ ရယူခဲ့တဲ့ မစ္စတာ ဟာရူ ဟီကို ကူရိုဒါ Haruhiko Kuroda က လာမယ့် နှစ်နှစ် အတွင်းမှာ ငွေကြေး ဖောင်းပွမှု ၂ ရာခိုင်နှုန်း တိုးမြင့် လာဖို့ ရည်ရွယ်တာ ဖြစ် ပါတယ်။

သတင်းထောက်တွေ ကတော့ ဒါဟာ အပေါ်ယံ အားဖြင့် ဆွဲဆောင် နိုင်မှု ရှိတယ်လို့ ပြောကြပါတယ်။

စျေးတွေ ကျဆင်း နေတာတောင် လူတွေက သုံးစွဲမှု မပြုကြတဲ့ အပြင် အကြွေးတွေ လျော့သွားအောင် မလုပ်နိုင်တဲ့ အတွက် အခု အစီအစဉ်ကို ပြုလုပ် ရတာ ဖြစ်တယ် လို့လည်း ပြောကြ ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက ငွေကြေး ဖောင်းပွ မှုနှုန်းက အနုတ် သုည ဒဿမ ၇ ရာခိုင်နှုန်း ဖြစ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ