ဂျပန် မြန်မာ စီးပွား ဆက်ဆံရေး

Image caption ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ ခေတ်မှာ ဂျပန်ဟာ မြန်မာကို အနီးကပ် ကူညီမှုတွေ ပေးခဲ့ပါတယ်

ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ ကမ္ဘာ့ ခေါင်းဆောင် တယောက် ဂျပန်ကို လာလို့ မြန်မာ ဂျပန် စီးပွား ကူးသန်းရေးတွေ တိုးတက် လာနိုင် ပါတယ်လို့ ဂျပန် သတင်း ဌာနက အစီအစဉ် မှူးဟောင်း ဦးရွှေဘ ခေါ် မစ္စတာ တာနာဘေးက ဆိုပါတယ်။

ဒါပေမယ့် မြန်မာကို ဂျပန်က အနီးကပ် စောင့်ရှောက် ကူညီ လာခဲ့တာ ကတော့ စစ်လျော်ကြေး စာချုပ် တဲ့ခေတ် ကတည်းကပါ။ ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ ခေတ်မှာ ဂျပန်ဟာ မြန်မာရဲ့ အနီးကပ်ဆုံး ဆက်ဆံ ရေးနဲ့ ကူညီမှုတွေ ပေးတဲ့ နိုင်ငံ ဖြစ်ပါတယ်။

မြန်မာပြည် နိုင်ငံရေး တံခါးဖွင့်ပြီး မကြာခင် ကပဲ ဂျပန်မှာ တင်ရှိ နေတဲ့ မြန်မာ့ ကြွေးမြီတွေ ထဲက ဒေါ်လာ သန်း သုံးထောင်လောက် လျှော်ပေး ခဲ့တဲ့ အတွက် ကမ္ဘာ့ ဘဏ်နဲ့ နိုင်ငံ တကာ အဖွဲ့ အစည်း တွေက မြန်မာပြည် လမ်းတံတား အဆောက် အအုံ တွေနဲ့ လူမှု အကူ အညီတွေ အတွက် ထုတ်ချေးဖို့ လမ်းပွင့် သွားခဲ့ပါတယ်။

ဖေဖော်ဝါရီ လကပဲ တိုယိုတာ၊ ဟီတာချီ စတဲ့ ဂျပန် ကုမ္ပဏီကြီး တွေက မြန်မာပြည်မှာ ရင်းနှီး မြှုပ်နှံကြဖို့ တောင်းဆို ခဲ့ပေမယ့် ဂျပန်ရဲ့ မြန်မာပြည် ရင်းနှီး မြှုပ်နှံမှု ပမာဏက ဒေါ်လာ သန်း ၂၇ဝ သာ ရှိတာမို့ ဘီလျံနဲ့ ချီတဲ့ တရုတ်၊ ထိုင်း နိုင်ငံတွေကို မီအောင် အတော် လိုက်ရပါဦးမယ်။

ဒါပေမယ့် အနောက် နိုင်ငံတွေက မြန်မာပြည်ကို ဒဏ်ခတ် ပိတ်ဆို့ ထားတဲ့ နှစ်တွေမှာ ဂျပန် ကပဲ မြန်မာကို အဓိက ကူညီ ဆက်ဆံ ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။

လောလောဆယ် မြန်မာ ပြည်မှာ ဂျပန်က ဆောင်ရွက် နေတဲ့ စီမံကိန်း ၃၅ ခုထဲမှာ အကြီး ကျယ်ဆုံး ကတော့ သံလျင်က ဧက ခြောက်ထောင် ကျယ်ဝန်းတဲ့ သီလဝါ အထူး စီးပွားရေး ဇုန်ပါပဲ။ ဒီ စီမံကိန်းကြီးမှာ မစ်ဆူ ဘီရှီနဲ့ ဂျပန် ကုမ္ပဏီကြီးတွေ ဝင်ရောက် မြှုပ်နှံ ကြမှာပါ။

မြန်မာပြည် လျှပ်စစ်နဲ့ လမ်း တံတားတွေ အတွက် ဂျပန်က နှစ်ရှည် ချေးငွေ ဒေါ်လာ သန်း ၂ဝဝ ထုတ်ချေးမှာ ဖြစ်သလို မြန်မာ ပြည် ဆန်တင်ပို့မှု တိုးတက်ရေးနဲ့ ခေတ်မီ ဆန်စက်တွေ တည်ထောင် ဖို့လဲ မစ်ဆူအီက စီစဉ်နေ ပါတယ်။

ဒါပေမယ့် မြန်မာ ပြည်သူတွေရဲ့ အခွင့် အရေးတွေ အာမခံမယ့် ဥပဒေ စည်းမျဉ်းတွေ အားနည်း နေတာမို့ သီလဝါ စီမံကိန်း အတွက် လူ လေးထောင် လောက် ဖယ်ရှား ခံရတဲ့ ကိစ္စမျိုးတွေ ရှိနေ တာကို သတိထား ကြဖို့လဲ ဂျပန်ပြည် အခြေစိုက် ဘားမား အင်ဖို အဖွဲ့က မစ္စ အကီမိုတိုက ပြောကြားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ