ဆမ်ဆောင်း အမြတ် ၆ ဘီလျံ ကျော်သွား

  • 26 ဧပြီ 2013
Samsung Smart Phones
ဆမ်ဆောင်းရဲ့ စမတ် ဖုန်းတွေကို ဝယ်ယူ အားပေး သူ များပြား

တောင်ကိုရီးယား နိုင်ငံပိုင် ဧရာမ အီလက် ထရောနစ် ကုမ္ပဏီကြီး ဖြစ်တဲ့ ဆမ်ဆောင်း Samsung ကုမ္ပဏီက အခု နှစ်ရဲ့ ပထမ သုံးလ အတွင်း အမြတ် အစွန်း အကြီး အကျယ် ခုန်တက် သွားခဲ့ တယ်လို့ ထုတ်ပြန် ကြေညာ လိုက် ပါတယ်။

အသားတင် အမြတ် အစွန်းငွေ အမေရိကန် ဒေါ်လာ သန်း ခြောက်ထောင်ကျော် ဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် အခုလို အချိန်က ရခဲ့တဲ့ အမြတ်ငွေထက် ၄၀ ရာခိုင်နှုန်း ပိုများ လာတာ ဖြစ်ပါတယ်။

အခု တကြိမ်နဲ့ ဆိုရင် လေးလပတ် ခြောက် ကြိမ် ဆက်တိုက် ဆမ်ဆောင်း ကုမ္ပဏီရဲ့ အမြတ်ငွေ တိုးတက် လာတာ ဖြစ်ပါတယ်။

ဒါဟာ ဆမ်ဆောင်း ကုမ္ပဏီထုတ် Smart ဖုန်းတွေ ရောင်းအား ကောင်းတဲ့ အတွက်နဲ့ စျေးကွက် ထဲမှာ စျေးနှုန်း လျှော့ချ ပေးမှု တို့ကြောင့် ဖြစ်တယ်လို့ သုံးသပ်သူ တွေက ပြောကြ ပါတယ်။

အခု တပတ် စောစောပိုင်း ကတော့ Samsung ရဲ့ အဓိက ပြိုင်ဖက် အမေရိကန်ပိုင် Apple ကုမ္ပဏီက ၁၀ နှစ် အတွင်း ပထမဆုံး အကြိမ် အကျိုး အမြတ် ကျဆင်း ခဲ့တယ် ဆိုတဲ့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ