ဘဏ်တိုးနှုန်းကို တရုတ်အစိုးရ မချုပ်ကိုင်တော့

  • 19 ဇူလိုင် 2013
Image caption ဘဏ်တိုးနှုန်း သတ်မှတ်ချက် တရုတ် အစိုးရက ဝင်စွက်ဖက် တော့မှာ မဟုတ်ပါ

တရုတ် နိုင်ငံမှာ ဘဏ်တွေ ကနေ ငွေထုတ် ချေးတဲ့ အခါ အတိုးနှုန်း သတ်မှတ် ချက်ကို အစိုးရက ထိန်းချုပ် ထားရာ ကနေ အခုတော့ အဲဒီလို ချုပ်ကိုင် တော့မှာ မဟုတ်ဘူးလို့ တရုတ် အစိုးရက ကြေညာလိုက် ပါတယ်။

ဒါဟာ တရုတ် ဘဏ္ဍာရေး စနစ်ကို လွတ်လွတ် လပ်လပ် လုပ်ခွင့် ပေးဖို့ အတွက် အရေးကြီးတဲ့ ခြေလှမ်း တရပ်လို့ အကဲခတ် တွေက ဖေါ်ပြ ပြောဆို ပါတယ်။

တရုတ် ဗဟိုဘဏ်ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ အခုလို ထိန်းချုပ် တော့မှာ မဟုတ်ဘူး ဆိုတာကို ကြေညာ ထားတာ ဖြစ်ပြီး၊ ဒီအတွက် စီပွားရေး စျေးကွက် ချထားမှု အပိုင်းမှာ ပိုမို တိုးတက် မှုတွေ ဖြစ်လာ စေမယ် လို့လည်း ဖေါ်ပြထား ပါတယ်။

ဒီ ပြောင်းလဲမှုဟာ မနက်ဖြန်မှာ စတင် အကျိုး သက်ရောက်မှာ ဖြစ်ပါတယ်။

သတင်းထောက်တွေ ပြောတာ ကတော့ ငွေရင်း ငွေးနှီး ထိန်းချုပ်ထား တာကို ဖြေလျှော့ ပေးဖို့ ဆိုရင် အဲဒီ မတိုင်ခင် အခုလို အတိုးနှုန်း ချုပ်ကိုင်မှုကို အရင် လျှော့ ပေးဖို့ လိုအပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ