ဗုံးကွဲပြီး လုံခြုံရေး အခြေအနေ

  • 16 အောက်တိုဘာ 2013
Image caption ဗုံးကွဲပြီးနောက် လုံခြုံရေး ချထားမှု အခြေအနေ

အခု ရက်ပိုင်း အတွင်း ရန်ကုန်နဲ့ တခြား မြို့ကြီး တချို့မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ မသင်္ကာသူတဦးကို ဖမ်းမိထားပြီလို့ အာဏာပိုင်တွေဖက်က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့ ည ၁၁ နာရီ မိနစ် နှစ်ဆယ် အချိန်မှာ ရန်ကုန် ကုန်သည်ကြီးများ ဟော်တယ် အခန်းတခုထဲက ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ စောမြင့်လွင် ခေါ် မောထ ဆိုသူကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေတယ်လို့ ပြောပါတယ် ။

သူ့ကို မွန်ပြည်နယ် ဘီလင်းမြို့မှာ ဖမ်းဆီးမိခဲ့တာ ဖြစ်ပြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း အဝေးပြေးကားဝင်းရှေ့ ကား မှတ်တိုင်ရှိ ခရီးသည်နားနေဆောင် ပေါက်ကွဲမှု၊ သာကေတမြို့နယ် အခွန်လွတ်ဈေး ခြံစည်းရိုးအနီး ပေါက်ကွဲမှု နဲ့ အလုံမြို့နယ် ကမ်းနား လမ်းရှိ Western Park II စားသောက်ဆိုင် စားပွဲ ခုံအောက်၌ ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထုပ်ထားသည့် မိုင်းတွေ့တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်လို့လည်း သူဟာ သံသယရှိသူ ဖြစ်တယ်လို့ ပြန်ကြားရေး ဌာနက ထုတ်ပြန် ထားပါတယ်။

ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးတဲ့ ကုန်သည်ကြီးများ ဟော်တယ် ကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အခန်းတိုင်းမှာ လုံခြုံရေး အရ ရှာဖွေ စစ်ဆေးတာ ဟိုတယ် အတွင်း အပြင်မှာ လုံခြုံရေး တိုးမြှင့်တာတွေ လုပ်ထားတယ်လို့ ဟိုတယ်က တာဝန် ရှိသူတွေက ပြောပါတယ်။

အလားတူ ရန်ကုန် ဆီဒိုးနား ဟော်တယ် ကလည်း လုံခြုံရေး တိုးမြှင့်ပြီး ကြိုတင် ပြင်ဆင်မှုတွေနဲ့ လူနဲ့ ကား အဝင် အထွက်တွေကို သေသေချာချာ စစ်ဆေးနေတယ် ၊လုံခြုံရေးနဲ့ ပတ်သက်ပြီး အတိုင်းထက် အလွန် စိုးရိမ်ကြောင်း ဆီးဒိုးနား ဟော်တယ် လုံခြုံရေး မန်နေဂျာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ