၈၈ ငြိမ်းပွင့်နဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးတွေ့

_bbc_304x171 ဓာတ်ပုံ မူပိုင် others
Image caption MPC နဲ့ ၈၈ ငြိမ်းပွင့် ဆွေးနွေး

မနေ့က မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC မှာ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနဲ့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က ခေါင်းဆောင်တွေ၊ တွေ့ဆုံပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ၊ ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ကိုယ်စား၊ ကိုမင်းကိုနိုင် က၊ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ ကို ရော၊ MPC ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မတီ ကိုပါ၊ အခု ဖြစ်နေတဲ့ အပစ်အခတ် ရပ်ဆဲရေး စာချုပ်၊ ချုပ်ဆိုရေး နဲ့ ပတ်သက်တဲ့ အကြံပြုစာ ကို ပေးပို့ ခဲ့ ကြောင်း၊၈၈ မျိုးဆက် အနေနဲ့၊ ဘယ်လိုနေရာ ကနေ ဝင်ပြီး၊ အကူအညီ ပေးရ မလည်း၊ ဆိုတဲ့ အကျိုးအကြောင်း ပါဝင်တဲ့ စာဖြစ်နေလို့၊ အများပြည်သူ ကို အသိမပေးသေး ကြောင်း ကိုမြအေး က ဘီဘီစီ ကို ပြောပါတယ်။

ဒီစာ ကို အခြေခံပြီး MPC က အခုလို ခေါ်တွေ့တဲ့ အကြောင်း၊ တိုင်းရင်းသား UNFC ဘက်ကတော့ အကြောင်းမပြန်သေးဘူး လို့ ဆိုပါတယ်။ အခုလို MPC နဲ့ တွေ့ရာမှာလည်း တိုင်းရင်းသားတွေ ဘက် က အကူအညီ တောင်းလို့လည်း ကြားဝင်ဆောင်ရွက်ပေးခြင်း မဟုတ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုရာမှာ လက်နက်ကိုင် အဖွဲ့အစည်း တွေချည်း၊ ဆွေးနွေးညှိနှိုင်း လို့ ရတဲ့ ကိစ္စ မဟုတ်တဲ့ အကြောင်း ကို ရှင်းပြပါတယ်။

မြန်မာ တနိုင်ငံလုံး ပြည်ထောင်စု စနစ် ကို ဘယ်လို တည်ဆောက်မလည်း ဆိုတာနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ အတွက်၊ ဖယ်ဒရယ် ပြည်ထောင်စု ကို ဘယ်လို တည်ဆောက်မလည်း ဆိုတဲ့ နိုင်ငံရေး ပြေလည်မှု ကို၊ သွားရမှာ ဖြစ်တဲ့ အတွက်၊ တပြည်လုံး အတိုင်းအတာ နဲ့ ၈၈ မူ အတိုင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက် နေတာ ကို၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ရဲ့ တိုင်းရင်းသား ရေးရာ တာဝန်ခံ ကိုမြအေး က ဘီဘီစီ ကို ရှင်းပြပါတယ်။