မြန်မာ ဂျီဒီပီ တိုးတက်မှုကို ဘယ်လိုထိန်း မလဲ

  • 18 ဇွန် 2014
Image caption ဘဏ်လုပ်ငန်း စီမံ ကြီးကြပ်မှု အပိုင်း အားနည်း မှု ရှိတယ်လို့ IMF က ထောက်ပြ

နိုင်ငံ တခုရဲ့ တိုးတက်မှုကို တိုင်းတာ ရာမှာ အဓိက ကျတဲ့ GDP ပြည်တွင်း အသားတင် ထုတ်လုပ်မှု ဟာ မြန်မာ နိုင်ငံ အတွက် အခု ဘဏ္ဍာ နှစ်မှာ ၈ ဒဿမ ၂၅ ရာခိုင်နှုန်း တိုးတက် လာ နိုင်တယ်လို့ နိုင်ငံ တကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က ပြောကြား လိုက်ပါတယ်။

ဒီလို တိုးတက်မှု အရှိန်ကို ထိန်းထား နိုင်ဖို့ အတွက် ကျယ်ပြန့်တဲ့ ပြုပြင် ပြောင်းလဲမှု တွေ လုပ်ဖို့ လိုအပ် နေတယ်လို့လည်း IMF က ထောက်ပြ ထားပါတယ်။

ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခ ဦးမော်သန်း ကတော့ အဲဒီလို ပြုပြုင် ပြောင်းလဲ မှုတွေ လုပ်ရမယ့် ဌာနတွေ ဆိုတာ စီမံကိန်း တွေ ချမှတ် ဆောင်ရွက် တဲ့ ဝန်ကြီး ဌာနတွေ အားလုံး ဖြစ်ကြောင်းနဲ့ စီမံ ခန့်ခွဲမှု အပိုင်းကိုလည်း သေချာ စိစစ်ဖို့ လိုအပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

နောက်ပြီး အစိုးရ အသုံး စရိတ် နဲ့ ငွေကြေး ကဏ္ဍ အပိုင်း တွေလည်း ပြုပြင် ပြောင်းလဲ ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက လုပ်ငန်းတွေ အတွက် ကျသင့်တဲ့ အခွန် အခတွေ ကောက်ယူဖို့၊ လုပ်ငန်းကြီး သမားတွေ၊ လက်ကြီး သမားတွေ ဆီကနေ အခွန် ရအောင် ကောက်ဖို့ လည်း လိုအပ် ကြောင်း သူက ပြောပါတယ်။

ငွေးကြေး ဖေါင်းပွမှု နှုန်းကိုတော့ လှည့်ပတ် နေတဲ့ ငွေကြေး နည်းအောင် လုပ်ဖို့ လိုအပ် တာကြောင့် ၊ အဲဒါကို အခွန် အကောက် ကနေ ပြန်သိမ်း တဲ့ ပုံမျိုး လုပ်နိုင် တယ် သူက ဆိုပါတယ်။

ဘဏ်လုပ်ငန်း စီမံ ကြီးကြပ်မှု အပိုင်း အားနည်း မှုတွေ ရှိနေတယ်လို့ IMF က ထောက်ပြတာ ကိုတော့၊ နိုင်ငံခြားက ဝင်လာမယ့် ပုဂ္ဂလိက ဘဏ် တွေဟာ လက်ကား ဘဏ်တွေ ဖြစ်တဲ့ အတွက် မြန်မာ့ ဗဟိုဘဏ် အနေနဲ့ စီမံ ကြီးကြပ်တဲ့ နေရာမှာ သိပ်ပြီး အခက် အခဲ ရှိမယ့်ပုံ မရှိဘူးလို့ ဦးမော်သန်းက သုံးသပ် ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ