နိုင်ငံခြားဘဏ်ခွဲတွေ မြန်မာနိုင်ငံမှာ လာဖွင့်မယ်

  • 25 ဇွန် 2014
Image caption ပြည်တွင်း ဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေ အတွက် အကျိုးရှိ စေမယ်

မြန်မာ နိုင်ငံမှာ နိုင်ငံခြား ဘဏ်တွေ လာရောက် ဖွင့်ခွင့် ပြုတော့ မယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဒုတိယ ဝန်ကြီး၊ မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဆက်အောင်က ပြည်ထောင်စု လွှတ်တော် တင်ပြခဲ့ ပါပြီ။

အခုလို နိုင်ငံခြား ဘဏ်တွေ ကနေ ဘဏ်ခွဲတွေ အဖြစ် လာဖွင့်ရင် များသော အားဖြင့်၊ သူ့တို့ရဲ့ မိခင်ဘဏ်ရဲ့ စည်းမျဉ်းတွေ အတိုင်း ကျင့်သုံးမှာ ဖြစ်ပြီး ငွေအရင်း အနှီးလည်း ပါလာမှာ မဟုတ်ပါ။

ဒါကြောင့် မြန်မာ နိုင်ငံက ချမှတ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း လိုက်နာအောင်နဲ့ ငွေအရင်း အနှီးလည်း ပါဝင်လာ စေမယ့် ဘဏ် ပုံစံမျိုးကို ဖွင့်ခွင့် ပေးမှာ ဖြစ်တယ်လို့ ဦးဆက်အောင် က ဘီဘီစီကို ရှင်းပြ ပါတယ်။

နိုင်ငံခြား ဘဏ်တွေ လာဖွင့်တဲ့ အတွက် မြန်မာ နိုင်ငံမှာ ပြည်တွင်း ဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေ အတွက် အကျိုးရှိ စေမယ်လို့ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင်ကို ပြောပါတယ်။

ဒါပေမယ့် နိုင်ငံခြား ဘဏ်တွေ အနေနဲ့ ပုဂ္ဂိုလ် တဦးချင်းဆီ အတွက်တော့ လောလောဆယ် ဝန်ဆောင်မှု ပေးမှာ မဟုတ် သေးဘူး လို့လည်း သူက ပြောပါ တယ်။

ငွေကြေး ခဝါချမှုတွေ မလုပ်နိုင် အောင် မြန်မာ နိုင်ငံမှာ ဥပဒေတွေ ချမှတ် ထားပြီ ဖြစ်သလို၊ နိုင်ငံခြား ဘဏ် စနစ်ပိုင်း အရလည်း ထိန်းချုပ်မှု တွေ ရှိတယ် လို့ ဆိုပါတယ်။ အခုလို မြန်မာ နိုင်ငံမှာ လာရောက် ဖွင့်လှစ်ကြမယ့် ဘဏ်တွေ ထဲမှာ ဒေသတွင်း အာရှက ဘဏ် တချို့နဲ့ ဥရောပက ဘဏ် တချို့လည်း ပါမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ