myint_moe_chit
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စီးပွားရေးသုံးသပ်ချက်

  • 15 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် burmese

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေ စနေပါပြီ။ နိုင်ငံရေး ပါတီတွေ က မြန်မာ့စီးပွားရေး ကို ဘယ်လိုတိုးတက်အောင် ပြောင်းလဲမယ် ဘယ်လို လုပ်ပြီး ပြောင်းလဲအောင်လုပ်မယ် ဆိုတဲ့ ကြေညာချက် တွေလည်း ထွက်လာ တော့မယ် လို့ မျှော်လင့်ရပါတယ်။

စီးပွားရေးပညာရှင်တွေ ဘက်က ကော ဘာတွေ ကို အဓိက ပြောင်းလဲ ချင်ကြပါလဲ။

ကိုရင်မောင် က စီးပွားရေး ပညာရှင်တွေ အပြောင်းလဲချင်ဆုံး ၅ ချက် ကို မေးမြန်း တင်ဆက် ပေးထား ပါတယ်။

ဒီတပတ်တော့ မလေးရှားနိုင်ငံ Nottingham University Business School မြန်မာစီးပွားရေး ပညာရှင် ဒေါက်တာမြင့်မိုးချစ် နဲ့ ဒီ အစီအစဉ် စဖွင့် ရအောင်ပါ။ ဒေါက်တာမြင့်မိုးချစ် ရဲ့ မြန်မာ့စီးပွားရေး အတွက် အပြောင်းအလဲ အလုပ်ချင်ဆုံး ၅ ချက် ကတော့ ကိုယ်ကျိုးစီးပွား ကာကွယ်နေတာတွေ ဖျက်သိမ်း၊ အားလုံးမျှတစွာ ယှဉ်ပြိုင်နိုင်ရေး ကိုလုပ်ပါဆိုတဲ့အချက်၊ တခါ ပြည်သူ့အုပ်ချုပ်ရေး ဌာနတွေမှာ ပြုပြင်ပြောင်းလဲရေးလုပ်၊ နောက် တတိယ အချက် ကတော့ အသက်မွေးဝမ်းကျောင်း သင်တန်းVocational Training တွေ ပေး၊ နောက်ပြီးတော့ ကလေးတွေမိခင်လောင်းတွေရဲ့ အဟာရဓာတ်ဖြည့်ပေး ၊ နောက်ဆုံး လည်းဖြစ် အရေးလည်း ကြီးတယ် ဆိုတဲ့ တရားဥပဒေ စိုးမိုးမှု ၊ အဲဒါတွေ လုပ်ချင် ပါတယ်လို့ ပြောပါတယ်။

သောတရှင်တို့ ကော ဘယ်လိုမြင်ကြပါလဲ။

ဘီဘီစီမြန်မာပိုင်းရဲ့ Facebook စာမျက်နှာဖြစ်တဲ့ BBC Burmese Facebook စာမျက်နှာ မှာ အမြင်တွေကို ဖလှယ်ကြဖို့ ဖိတ်ခေါ်ပါတယ်ဗျ။