နောက်ဆုံး ရေးသားချိန် 30 နိုဝင်ဘာလ 2010 - 04:04 GMT

လန်ဒန်မှာ ကျင်းပတဲ့ ရှမ်းနှစ်သစ်ကူးပွဲ

ရှမ်းကိန္နရီ မလေးရဲ့ အကအလှ

လန်ဒန်မှာ ရှိတဲ့ ရှမ်းယဉ်ကျေးမှု အဖွဲ့ ယူကေ ကနေ ဦးစီး ကျင်းပပြီး ၂၁ဝ၅ ရှမ်းနှစ်သစ်ကူး ပွဲတော်ကို ပြီးခဲ့တဲ့ စနေနေ့ နိုဝင်ဘာ ၂ရ ရက်နေ့က လန်ဒန် တက္ကသိုလ်က အဆောက်အဦ တခုမှာ ကျင်းပခဲ့ပါတယ်။

ရှမ်းနှစ်သစ်ကူးဟာ လာမယ့်လ ပထမပတ်မှာ ကျရောက်မှာ ဖြစ်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အခုလို စောပြီး ကျင်းပရတာလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

အဲဒီပွဲမှာ ရှမ်းယဉ်ကျေးမှုနဲ့ ပတ်သက်လို့ ဟောပြောခဲ့ကြသလို ဖျော်ဖြေမှုတွေလည်း ပါဝင်ပါတယ်။

ရှမ်းယဉ်ကျေးမှုကို လေ့လာသူတွေ ဒီပွဲကို တက်ရောက်ခဲ့ကြ သလို ယူကေရောက် တခြား တိုင်းရင်းသားတွေ စုစုပေါင်း ၂ဝဝ လောက် တက်ရောက်ခဲ့ကြပါတယ်။

ဒီပွဲဟာ ရှမ်းယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရာ ရောက်သလို မြန်မာနိုင်ငံအတွင်းက တခြား လူငယ် တိုင်းရင်းသားတွေ အချင်းချင်း တဦး ယဉ်ကျေးမှုကို တဦး နားလည် သဘောပေါက်စေအောင် ရည်ရွယ် ကျင်းပတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေထဲက တယောက်ဖြစ်တဲ့ ကိုစိုင်းမိန်းက ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။