Social Networking ဆိုက်တွေနဲ့ ချိတ်ဆက်ခြင်း

ဘီဘီစီ သတင်းနဲ့ အားကစား စာမျက်နှာတိုင်းမှာ social network ဆိုက်တွေနဲ့ ချိတ်ဆက်ပေးထားတဲ့ လင့်တွေ ထည့်ပေးထားပါတယ်။

ဒီလို လင့်တွေကို စာမျက်နှာ အားလုံးရဲ့ အောက်ခြေတွေမှာ ထည့်ပေးထားတာ တွေ့ နိုင်ပါတယ်။

အဲဒီလင့်တွေကို အင်တာနက်က တဆင့် သိမ်းထားတာ၊ မှတ်ထားတာ၊ တခြားသူတွေကို မျှဝေ ပေးတာလုပ်နိုင်ပါတယ်။ဒီလို မျှဝေတဲ့ နေရာမှာ ကိုယ့်မိတ်ဆွေတွေကို ဖြစ်ဖြစ်၊ ကိုယ်နဲ့ စိတ်ဝင်စားတာတွေ တူသူချင်း ဖြစ်ဖြစ် မျှဝေနိုင်ပါတယ်။ ဒီလင့်တွေကို ကိုယ် အသုံးပြုတဲ့ ဘယ်ကွန်ပြူတာ ကမဆို ဝင်ရောက်ကြည့်လို့လဲ ရပါတယ်။

ဒီတော့ ဘီဘီစီ စာမျက်နှာတွေမှာ ကိုယ်စိတ်ဝင်စားတဲ့ သတင်းတပုဒ် တွေ့ပြီး၊ အဲဒီသတင်းကို နောက်ပိုင်း ပြန်ကြည့်ချင်လို့ သိမ်းထားချင်ရင် ဖြစ်ဖြစ်၊ မိတ်ဆွေတွေကို မျှဝေ ပေးချင်ရင် ဖြစ်ဖြစ် စာမျက်နှာ အောက်ခြေက လင့်တခုခုကိုသာ နှိပ်ပြီး ကိုယ့်စာရင်းထဲမှာ မှတ်ထား လိုက်ပါ။

ဒီ ဝက်ဘ်ဆိုက်တွေ အားလုံးက အခမဲ့ သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်သုံးမယ့် ဆိုက်မှာ အရင်ဆုံးတော့ မှတ်ပုံတင်ထားဖို့တော့ လိုပါလိမ့်မယ်။

ဒီ ၀က်ဘ်ဆိုက်တွေက အလုပ်လုပ်ပုံ နဲနဲစီကွာပါတယ်၊ ဒါကြောင့် ကိုယ်နဲ့ ဘယ် ဆိုက်နဲ့ အကိုက်ဆုံးလဲ ဆိုတာကို အရင်စမ်းကြည့်ပါ။