ဖုန်းမော်နေ့ ဖြစ်စဉ်

  • 13 မတ် 2017
Image caption စက်မှု တက္ကသိုလ် ရန်ပွဲနဲ့ နှိမ်နင်းမှုပြ မြေပုံ

၁၂.၃.၈၈ စနေနေ့ညနေ စန္ဒာဝင်း လက်ဖက်ရည်ဆိုင်မှာ ကက်ဆက်ခွေ ဖွင့်တဲ့ ကိစ္စက စပြီး ကြို့ကုန်း အရပ်သားတွေနဲ့ စက်မှု တက္ကသိုလ် ကျောင်းသားတွေ ရန်ဖြစ်၊ ကျောင်းသားတွေ အရိုက်ခံရလို့ တက္ကသိုလ် ဆရာတွေက တိုင်တဲ့ အတွက် အရပ်သားကို ရဲစခန်းကဖမ်း။

၁၃.၃.၈၈ တနင်္ဂနွေနေ့ ဖမ်းထားတဲ့ အရပ်သားကို ပြန်လွှတ်ပေးလို့ ကျောင်းသားတွေ အရပ်သားတွေနဲ့ ထပ် ပြဿနာဖြစ်။ ကျောင်းသားတွေ အရိုက်ခံရ။

ည ၈ နာရီ ခန့် ဘီပီအိုင် အဝိုင်း ထိပ်နားက သမဝါယမဆိုင် မီးလောင်။ ဆရာတွေက ကျောင်းသားတွေကို ပြန်ခေါ်၊ မီးသတ်ကား ရောက်လာစဉ် ကျောင်းသားတွေက ခဲနဲ့ပေါက်။

ည ၉ နာရီကျော် ကျောင်းသားတွေ တက္ကသိုလ် ခြံစည်းရိုးနား စုရုံးနေခိုက် လုံထိန်းတွေ ကျားထိုး တက်လာ၊ မီးသတ်ကားတွေနဲ့ ရေပက်၊ မျက်ရည်ယို ဗုံးနဲ့ပစ်။

ည ၁ဝ နာရီခွဲခန့် လုံထိန်းက စပစ်၊ ကိုဖုန်းမော်နဲ့ ကိုမြင့်ဦး သေနတ် ထိမှန်၊ တခြား ကျောင်းသားတွေလည်း ၆ ယောက်ခန့်ထိ။ ကိုဖုန်းမော်ကို ဆရာတွေ ဆေးရုံပို့စဉ် လမ်းတွင် သေဆုံး။

ည သန်းခေါင်ကျော် ကိုစိုးနိုင် ဆေးရုံထပ်ပို့၊ အူတွင် ဒဏ်ရာရ၍ ညတွင်းချင်း ခွဲစိတ် ။

၅ .၄.၈၈ ကို စိုးနိုင် ရန်ကုန် ဆေးရုံကြီးမှာ ကွယ်လွန် ။

မတ် ၁၃ နောက်ပိုင်း ရန်ကုန် တက္ကသိုလ်နဲ့ တခြား နေရာတွေမှာ ဆန္ဒပြမှုတွေ ပိုမို ဖြစ်ပွား၊ အစိုးရက ဖြစ်စဉ်ကို စစ်ဆေးရေး ဖွဲ့ စစ်ဆေးပေမယ့် မပြေလည်ဘဲ ၁၉၈၈ သြဂုတ်မှ စပြီး နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ပိုပြီး ကြီးထွား။

၁၉၈၉ မတ် ၁၃ နှစ်ပတ်လည်နေ့ အခမ်းအနားကို မြန်မာ နိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ပြီး နိုင်ငံရေး ခေါင်းဆောင်တွေ၊ ကျောင်းသား တက်ကြွ လှုပ်ရှားသူတွေက ရန်ကုန်၊ မန္တလေး မြို့တွေမှာ ကျင်းပခဲ့။