ဗြိတိန် အတိုက်အခံ ခေါင်းဆောင် ဂျယ်ရမီ ကိုဘင်

  • 2 ဇွန် 2017
Image caption သူက ရိုးရှင်း တဲ့ ဘဝကို အလေးထား

၂၀၁၅ ခုနှစ် စက်တင်ဘာလ မှာ ဂျယ်ရမီ ကော်ဘင် ဟာ လေဘာ ပါတီ ခေါင်း ဆောင် အဖြစ် ရွေးချယ် တင်မြှောက် ခံရတာ ဖြစ်ပါတယ်။

အသက် ၆၆ နှစ် အရွယ်မှာ အတိုက်အခံ ခေါင်းဆောင် အဖြစ် ရွေးချယ် ခံရတော့ ယူကေ နိုင်ငံရေး လောက အတွက် အကြီးအကျယ် ကမောက်ကမ ဖြစ်တာ လို့လည်း တင်စား ပြောဆို ကြပါတယ်။

သူက ဆိုရှယ်လစ် လမ်းစဉ် ကိုသာ ယုံကြည် လေးစား လိုက်နာ သူ တစ်ယောက် ဖြစ်ပါတယ်။ လေဘာပါတီ မှာ နှစ်ပေါင်း သုံးဆယ် ကြာ နောက်ကွယ် ကနေ ပံ့ပိုး ကူညီ ခဲ့ပြီး အက်ဒ် မီလီဘန်း နောက်မှာတော့ လေဘာ ပါတီ ကို ခေါင်းဆောင်ဖို့ သူ့ကိုယ် ဝိုင်းပြီး တိုက်တွန်း ခဲ့ကြလို့ ဖြစ်ပါတယ်။

အရင်တုန်း က ဒိုင်ယန်း အက်ဒ်ဘော့ တို့ ဂျွန် မက်ဒေါ်နယ် တို့ ကလည်း ဒီလိုမျိုး အရွေးခံရဘူးတဲ့ သာဓက မျိုးတွေ ရှိခဲ့တယ်လို့ ဂျယ်ရမီ က ယူကေ သတင်းစာကြီး တစ်စောင်ကို ပြောကြား ခဲ့ပါတယ်။

သူဟာ လေဘာပါတီတွင်း က ရွေးကောက်ပွဲမှာတောင် ခေါင်းဆောင် အဖြစ် အရွေးခံရမယ်လို့ ဘယ်သူမှ မျှော်လင့် ထားခဲ့တာ မဟုတ်ပါဘူး။ လေဘာ ပါတီ ရွေးကောက်ပွဲမှာ အဆ ၂၀၀ လေး တစ်လေး နိုင်ခြေပဲ ရှိတယ်လို့ ခန့်မှန်း ခဲ့တာပါ။

လန်ဒန် မြောက်ပိုင်း အစ်စလင်တန် ဒေသ ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဟာ လေဘာပါတီ တွင်းမှာ မယုံ နိုင်လောက်အောင် အရွေးချယ် ခံခဲ့ ရပြီး ပါတီ ခေါင်းဆောင် အဖြစ် တင်မြှောက် ခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption အခြေခံ လူတန်းစားတွေ အ တွက် တိုက်ပွဲ ဝင်မယ့် သူ အဖြစ် ကြွေးကြော်

အရင်တုန်း က လေဘာ ခေါင်းဆောင် တွေ ဖြစ်တဲ့ တိုနီ ဘလဲ တို့ ဂေါ်ဒန် ဘရောင်း တို့ လက်ထက်မှာတုန်း က ပါတီ အပေါ် လူငယ် တွေရဲ့ ယုံကြည်မှု ပျောက်ဆုံး ခဲ့ တာတွေကို သူ က တနည်းနည်း နဲ့ ပြန်လည် ဆောင်ကျဉ်း နိုင်ခဲ့ တယ်လို့ ဆိုရမှာပါ။

ဂျယ်ရမီ ကော်ဘင် လေဘာ ပါတီ ခေါင်း ဆောင် ဖြစ်တော့ ပါတီ အတွင်း ကို နှစ်စဉ် ကြေး ပေးပြီး ဝင်ရောက် ကြတဲ့ ပါတီဝင် အင်အား များပြား လာသလို၊ အရင်တုန်း က ပါတီ ကို စိတ်ဝင်စားမှု နည်းပါး ခဲ့ကြတဲ့ ပါတီဝင် ဟောင်းတွေ ကိုလည်း ပြန်လည် ဆွဲဆောင် နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပါတီးတွင်းမှာ အောက်ခြေလူတန်းစားတွေရဲ့ ထောက်ခံမှု အများအပြားရရှိ

ဆိုရှယ်လစ် လမ်းစဉ်၊ လူမှုဖူလုံရေး ကိစ္စ တွေကို ဦးစားပေး လွန်း တဲ့ ဂျယ်ရမီ ကိုဘင် ကို ပါတီတွင်းမှာ ထောက်ခံမှု အား ပိုများ လာတာ ကို တွေ့ရပါတယ်။ အထူးသဖြင့် ပါတီတွင်း က အခြေခံ လူတန်းစားတွေက သူ့ကိုယ် ပိုထောက် ခံ ကြပါတယ်။

လေဘာ ပါတီ က လွှတ်တော် ကိုယ်စားလှယ် တွေ ကတော့ ဂျယ်ရမီ ဟာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒ ကြောင့်သာ ပါတီ ခေါင်းဆောင် ရာထူး ရထား တာ ဖြစ်ပြီး တကယ့် အရည်အချင်း မရှိသူလို့ ဝေဖန် ကြပါတယ်။

လေဘာပါတီ က ထိပ်တန်း ခေါင်းဆောင် တွေရဲ့ ဝေဖန်မှုတွေ ကိုလည်း ခံခဲ့ရသူပါ။ ဒါပေမယ့် နောက်ထပ် ပါတီတွင်း က ရွေးကောက်ပွဲ မှာလည်း သူပဲ ထပ်မံ အရွေးခံခဲ့ရပြီး သူ့ရဲ့ ပါတီတွင်း ခေါင်းဆောင်မှုက ပိုမို ခိုင်မာ လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တတိယ မြောက် ဇနီးသည် လော်ရာ အဲဗာရက်ဇ်

ဇွန်လ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ မှာ၊ အနိုင် ရရှိ နိုင်တဲ့ အခွင့်အရေး ရှိပြီး နိုင်ငံရေး လောက ထဲကို စတင် ဝင်ရောက် ခဲ့စဉ် ကတည်း က ကိုင်ဆွဲ ခဲ့တဲ့ နှစ်ပေါင်း လေးဆယ် ကျော်ကြာ စွဲမြဲစွာ ယုံကြည် ထားတဲ့ ဆိုရှယ်လစ် လမ်းစဉ် ကို ကျင့်သုံးမှာဖြစ်ပါတယ်။

ဂျယ်ရမီ ကိုဘင် ဟာ ပါတီ ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး တွေ ကို ဖတ်ကြား နေတာထက် မဲဆွယ် စည်းရုံးပွဲ တွေမှာပဲ တွေ့ ရလိမ့်မယ်လို့ ပါတီ မဲဆွယ်စည်းရုံးရေး သမားတွေကတော့ ဆိုကြပါတယ်။

ယူကေ နိုင်ငံက မီးရထား လုပ်ငန်းတွေ ကို အစိုးရ က ဝင်ရောက် လုပ်ကိုင်ဖို့၊ အလုပ်သမား တွေ အခွင့်အရေး ဆုံးရှုံး နေတဲ့ အလုပ်ချိန် အာမခံချက် မရှိတဲ့ ကိစ္စ တွေကို ပြောင်းလဲ ပစ်မယ်ဆိုပြီး မဲဆွယ် စည်းရုံး နေပါတယ်။ အဲဒါတွေ ကြောင့် သူ့ကိုယ် ပါတီတွင်းမှာ လူကြိုက်များပြီ

ကွန်ဆားဗေးတစ် ပါတီ ကို ကျော်ဖြတ် နိုင်လိမ့်မယ်လို့ ထောက်ခံ သူတွေက ယူဆကြပါတယ်။ ဒါပေမယ့် အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ ပါတီ ကို အနိုင်ရရှိဖို့ ကတော့ ဂျယ်ရမီ ကိုဘင် အတွက် အကြီးမား ဆုံး ထမ်းဆောင် ရမယ့် လုပ်ငန်း တာဝန် ကြီး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

ဂျယ်ရမီ ကိုဘင် ကိုယ်ရေးအကျဉ်း

မွေးသက္ကရာဇ် - ၂၆ မေ ၁၉၄၉ ခုနှစ် (အသက် ၆၇)

အလုပ်အကိုင် - လန်ဒန်မြောက်ပိုင်း အစ်စလင်တန် ဒေသ လွှတ်တော် ကိုယ်စားလှယ်

ပညာရေး - နယူးပို့တ် ရှော့ပ်ရှိုင်းယား အစိုးရ ကျောင်း မှာ ၁၁ တန်း အဆင့် အထိ ပညာသင်ကြား ခဲ့။

မိသားစု - တတိယမြောက် အိမ်ထောင် နဲ့ အတူတကွ နေထိုင်၊ အရင် အိမ်ထောင် နဲ့ မွေးခဲ့တဲ့ သားသုံးယောက် ရှိ

ဝါသနာ - ပြေးခုန်ပစ် အားကစား၊ စက်ဘီးစီး၊ ခရစ်ကတ် တို့ ကစား ရတာ ကို ဝါသနာပါပြီး အာဆင်နယ် အသင်း ကို ထောက်ခံ အားပေးသူ ဖြစ်ပါတယ်။ ထူးထူးခြားခြား ဝါသနာ အနေနဲ့ ရေဆိုးပြွန် အဖုံး ဒီဇိုင်း တွေကို ရေးဆွဲတာပဲ ဖြစ်ပါတယ်။ စပိန် စကားကို ကောင်းမွန်စွာ ပြောကြား နိုင်ပြီး လက်တင် အမေရိကန် စကားတွေကလည်း လေ့လာ တတ်မြောက် ထားသူ ဖြစ်ပါတယ်။

ကိုဘင် ရဲ့ ညီဖြစ်သူ ကတော့ မိုးလေဝသ ပညာရှင် ဖြစ်ပါတယ်။ ပြီးတော့ လူတွေ ကြောင့် ရာသီ ဥတု ဖောက်ပြန် နေတယ် ဆိုတဲ့ ပြောဆိုချက် တွေကို ညီဖြစ်သူ ပီရားစ် က အပြင်းအထန် ငြင်းဆန်ပါတယ်။ ဒါကြောင့် သူတို့ ညီ အစ်ကို နှစ်ယောက်ကို တောသား လူနုံ တွေလို့ လူတွေက ခေါ်ကြပါတယ်။

မစ္စတာ ကိုဘင် ကတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း လိုသူ ဖြစ်ပြီး သူ့ညီ နဲ့ အမြင်မတူပါဘူး။ ဒါပေမယ့် သူတို့ နှစ်ယောက်က အလွန် နီးစပ် တဲ့ ညီအစ်ကို တွေ ဖြစ်ပါတယ်။

သူတို့ ညီအစ်ကို နှစ်ယောက် ဟာ နိုင်ငံရေး အမြင်တွေကို မိသားစု ထမင်းစား ပွဲတွေမှာ အမြင် ဖလှယ်လေ့ ရှိပါတယ်။ သူတို့ရဲ့ ဖခင် ဖြစ်သူကလည်း နိုင်ငံရေး လေ့လာသုံးသပ်မှုတွေ ကို မိသားစု စကား ဝိုင်းတွေမှာ လုပ်လေ့ ရှိပါတယ်။ များသော အားဖြင့်တော့ လူမှု ဖူလုံရေး မညီမျှမှုတွေကို ဆွေးနွေး ကြတာ များပါတယ်။

ဖခင် ဖြစ်သူ ဒေးဗစ် ကိုဘင် နဲ့ မိခင် ဖြစ်သူ နာအိုမီ တို့ကလည်း လူ့အခွင့် အရေး တက်ကြွ လှုပ်ရှား သူတွေ ဖြစ်ကြပါတယ်။ သူတို့ နှစ်ယောက် က လန်ဒန် မှာလုပ်တဲ့ စပိန် အာဏာရှင် ဖရန်ကို ကို ဆန့်ကျင် တဲ့ ဆန္ဒပြပွဲတွေမှာ တွေ့ဆုံ ချစ်ကြိုက်ပြီး လက်ထပ် ခဲ့တာပါ။

ညီဖြစ်သူ ပီရားစ် က ဂျယ်ရမီ ကိုဘင် ထက် ပိုပြီး ဆိုရှယ်လစ် စနစ် ကို လက်ခံ ယုံကြည်သူ ဖြစ်ပါတယ်။ အထက်တန်းကျောင်း သား ဘဝမှာလည်း ဆိုရှယ်လစ် စနစ် ကို အပြင်းအထန် လက်ခံ ကျင့်သုံး ကြတဲ့ ကျောင်းသားတွေပါ။

အဒမ် အစိုးရ သဒ္ဒါ ကျောင်းမှာ ၁၁ တန်း အထိ ပညာသင်ကြား ခဲ့ပြီး ရွေးချယ် တက်ရောက် ရတဲ့ ပညာရေး စနစ် ကို မနှစ်သက်တဲ့ အတွက် တက္ကသိုလ် ပညာရေး ကို ရွေးချယ်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဂျယ်ရမီ ကိုဘင် ရဲ့ လက်သုံးစကား

ပိုက်ဆံ တွေ အများကြီး မသုံးဘူး၊ သာမန် ဘဝမှာနေရတာ ပျော်တယ်။ ကျနော့်မှာ စက်ဘီးပဲ ရှိတယ် ကားမလိုဘူးလို့ ပြောကြား ခဲ့သူပါ။

မစ္စတာ ကိုဘင် ဟာ အတိုက်အခံ ပါတီ ခေါင်းဆောင် ဖြစ်ပေမယ့် သူ့ရဲ့ ပါတီတွင်းမှာလည်း အငြင်းပွားမှုတွေ ရှိပါတယ်။ လာမယ့် ဇွန်လ ၈ ရက်နေ့မှာ အနိုင်ရရှိ ဖို့ လေဘာ ပါတီဝင်တွေ က အမျှော်လင့်ကြီး မျှော်လင့် ထားကြပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption အိုင်းရစ် ရီပတ်ဘလီကန် တွေနဲ့လည်း တွဲခဲ့ဖူး
ဓာတ်ပုံ မူပိုင် PA
Image caption နှစ် ၄၀ ကြာ လက်ဝဲ အယူအဆကို ခိုင်မာ စွာ လက်ခံ ကျင့်သုံးသူဖြစ်
ဓာတ်ပုံ မူပိုင် PA
Image caption အိုင်ယာလန် ပေါင်းစည်းရေးကိုလည်း ယုံကြည်သူ ဖြစ်ပါတယ်။