မြောက်ကိုရီးယား စီးပွါးရေးကောင်း

  • 21 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Getty/Kevin Frayer
Image caption မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ်ရှိ ဒန်ဒုံးရွာ

မြောက်ကိုရီးယားရဲ့ GDP ဟာ ၂၀၁၆ခုနှစ်မှာ ၄ ရာခိုင်နှန်းနီးပါး တိုးလာပါတယ်။ ဒါဟာ ၁၉၉၉ခုနှစ်က စလို့ အများဆုံးတိုးတက်လာတာပါ။ သာမန်အားဖြင့် မြောက်ကိုရီးယား က သူတို့နိုင်ငံရဲ့ စီးပွားရေး ကိန်းဂဏန်းတွေကို ထုတ်ပြန်လေ့မရှိပါဘူး။ အခုရရှိတဲ့ တဲ့ ကိန်းဂဏန်းတွေက တောင်ကိုရီးယား ဗဟိုဘဏ်ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေပါ။ တောင်ကိုရီးယားရဲ့ နှစ်ပြည်ထောင် ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနနဲ့ အမျိုးသားထောက်လှမ်းရေး အဖွဲ့က စုစောင်းရရှိတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး တောင်ကိုရီးယား ဗဟိုဘဏ်က မြေက်ကိုရီးယားရဲ့ စီးပွါးရေး ဖွံ့ဖြိုးမှုနှုန်းကို ထုတ်ပြန်လိုက်တာပါ။

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ထုတ်လုပ်မှုအစီ အစဉ်တွေအတွက် လိုအပ်တဲ့ စက်မှုပစ္စည်းတွေ တိုးမြှင့် ထုတ်လုပ်လာတာကလည်း နိုင်ငံ့ စီပွါးရေး ဖွံ့ဖြိုးမှုကိုအထောက်အကူ ဖြစ်စေတယ်လို့ ဗဟိုဘဏ်က သုံးသပ်ပါတယ်။

Image caption မြောက်ကိုရီးယားမြေအောက်မီးရထားဘူတာ

ဒါပေမယ့် အခုနှစ်ဆန်းက စပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား အဏုမြူ လက်နက်စမ်းသပ်မှုကို ကန့်ကွက်တဲ့ အနေနဲ့ တရုတ်နိုင်ငံ နဲ့ ဂျပန်နိုင်ငံက မြောက်ကိုရီးယားဆီက ကျောက်မီးသွေးကို မဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျောက်မီးသွေးက မြောက်ကိုရီးယားရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့အတွက် ဂျပန်နဲ့တရုပ်က မြောက်ကိုရီးယားကို စီးပွါးရေး ပိတ်ဆို့ဒဏ်ခတ်လိုက်တာဟာ မြောက်ကိုရီးယားရဲ့ စီးပွားရေးကို သိသိသာသာ ထိခိုက်သွားနိုင်တယ်လို့ တရုပ်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို မျက်ခြေမပြတ်လေ့လာနေတဲ့ ဘီဘီစီတရုပ်ဌာန က အကြီးတန်းသတင်းထောက် Yuwun Wu က သုံးသပ်ပါတယ်။

"တရုတ်က ကျောက်မီးသွေးတင်ပို့တဲ့ သင်္ဘောတွေကို လက်မခံပဲ ပြန်လွှတ်တဲ့ သတင်းတွေ ဖတ်ရတယ်။ ၁၉၁၆ခုနှစ်မှာ မြောက်ကိုရီးယားက ကျောက်မီးသွေးတင်ပိုရောင်းချလို့ ရတဲ့ ဝင်ငွေစုစုပေါင်းက ဒေါ်လာ ၁ ဘီလီယံရှိတယ်။ တစ်ဘီလီယံဆိုတာ တခြားနိုင်ငံတွေ အတွက် မများလှတဲ့ ငွေပမာဏဖြစ်ပေမယ့် မြောက်ကိုရီးယားအတွက် များပြားတဲ့ငွေပမာဏပါ"

မကြာမီက မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်လွှင့်တင် လိုက်ပြီး နောက်မှာ ကမ္ဘာ့ အဆင်းရဲဆုံးနိင်ငံ စာရင်းဝင် မြောက်ကိုရီးယားနိုင်ငံနဲ့ စီပွါးရေး လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့တရုတ်ဘဏ်တွေကို စီးပွါးရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ တိုးလုပ်ဖို့ အမေရိကန် နိုင်ငံက ဖိအားတိုးပေးနေပါတယ်။ ၂၀၁၆ ခု ကိုရီးယား ကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်မှု မြှင့်တင်ရေး အေဂျင်စီရဲ့ ဒေတာတွေအရ ၂၀၁၆ခုနှစ်မြောက်ကိုရီးယားရဲ့ စုစုပါင်းကုန်သွယ်မှုပမာဏရဲ့ ၉၂ရာခိုင်နှန်းကျော်က တရုတ်နိုင်ငံနဲ့ကုန်သွယ်မှု ဖြစ်တယ်လို့ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ