စပိန်ဝန်ကြီးချုပ်က ဥပဒေဘောင်အတွင်းမှာရှိတဲ့ ကက်တလန်ခေါင်းဆောင်နဲ့ တွေ့မယ်လို့ ပြော

  • 23 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption စပိန်ဝန်ကြီးချုပ် ရဟွိုင်းနဲ့ ကတ်တလန်ခေါင်းဆောင် ပူဂျမွန်

စပိန် ဝန်ကြီးချုပ် မာရီရာနို ရဟွိုင်း ဟာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ကက်တလန် ဒေသတွင်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဘယ်သူနဲ့မဆို ဥပဒေ ဘောင်အတွင်းမှာ နေမယ်ဆိုရင် တွေ့ဆုံဆွေးနွေးဖို့ အဆင့်သင့်ပဲလို့ ပြောပါတယ်။

ဒါပေမယ့်လို့ ခွဲထွက်ရေးကို အားမပေးတဲ့ Citizens နိုင်ငံသားများ ပါတီက ခေါင်းဆောင်နဲ့ပဲ တွေ့ဖို့ မစ္စတာ ရဟွိုင်း ရည်ရွယ်ထားပုံရပြီး လွတ်လပ်ရေး တောင်းဆိုတဲ့ ကက်တလန် ခေါင်းဆောင် ကားလက်စ် ပူဂျမွန် နဲ့တော့ တွေ့ဆုံဖို့ အားမသန်ပါဘူး။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကျင်းပခဲ့တဲ့ ကတ်တာလန် ရွေးကောက်ပွဲမှာ စီတီဇင် ပါတီက အားကောင်းတဲ့ ပါတီ တစ်ခု ဖြစ်လာ ပေမယ့်လို့ လွှတ်တော်တွင်းမှာတော့ ခွဲထွက်ရေး ပါတီတွေက နေရာ အများဆုံး အသာရ ထားပါတယ်။

မစ္စတာ ပူဂျမွန်ဟာ လက်ရှိမှာ ဘယ်လဂျီယံ နိုင်ငံမှာ ရှိနေပြီး တကယ်လို့များ သူ စပိန်ကို ပြန်လာခဲ့မယ်ဆိုရင် လွတ်လပ်ရေး တောင်းဆိုတာတွေ လှုံဆော် ခဲ့တဲ့ ပြစ်မှုနဲ့ အဖမ်းခံရနိုင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ