ဘာလင်ခရစ္စမတ်စျေး တိုက်ခိုက်ခံရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘာလင်ခရစ္စမတ်စျေး တိုက်ခိုက်ခံရ

  • 20 ဒီဇင်ဘာ 2016

တနင်္လာနေ့ညပိုင်းက ဂျာမနီနိုင်ငံဘာလင်မြို့က ခရစ္စမတ် ပွဲစျေးတန်းထဲကိုလော်ရီကားနဲ့ ဝင်တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၂ ဦးသေဆုံးပြီး ၄၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်ကတော့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထိတ်လန့်မိသလိုအင်မတန်လည်း ဝမ်းနည်းကြေကွဲမိတယ်လို့ပြောပါတယ်။ ဂျာမနီပြည်ထဲရေး ဝန်ကြီးကတော့ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပါကစ္စတန်ကလာသူလို့ ယူဆရတဲ့လူတယောက်ကိုရဲက ဖမ်းဆီးထားပေမယ့် သူကတော့ ဘာမှ မပတ်သက်ကြောင်း ငြင်းဆိုထားပါတယ်။ မမေစန္ဒီက ပြောပြမှာပါ။