လန်ဒန်တိုက်ခိုက်မှု ကျူးလွန်သူ ဘယ်သူဆိုတာ ရဲထုတ်ပြန်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လန်ဒန်တိုက်ခိုက်မှု နောက်ဆက်တွဲ

  • 24 မတ် 2017

လန်ဒန်ဝက်စ်မင်စတာ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူ ဘယ်သူ ဘယ်ဝါဆိုတာ ရဲက ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီလူဟာ ခါလစ်မာဆုဒ်ဖြစ်ပြီးသူနဲ့ ပတ်သက်သမျှ သတင်းအချက်အလက်တွေ ရှိရင် ဆက်သွယ်ကြဖို့ကိုလည်း ပြည်သူ လူထုကို ပြောကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆက်လုပ်နေသလို နောက်ထပ် ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။

ကြာသပတေးနေ့ ညပိုင်းကတော့ ဒီတိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးရသူ နောက်တဦး တိုးလာခဲ့ပါတယ်။ သေဆုံးသွားသူဟာ ၇၅ နှစ် အရွယ် လက်စလေ ရိုဒ်စ် ဖြစ်ပြီး ဝက်စ်မင်စတာ တံတားပေါ်မှာ ကားနဲ့ အတိုက်ခံခဲ့ရသူ တဦးဖြစ်ပါတယ်။

တဘက်မှာလည်း ဝက်စ်မင်စတာ နန်းတော် ထဲက လုံခြုံရေးတွေကို လက်နက် အပြည့်တပ်ဆင် ပေးထားဖို့ တိုက်တွန်းသံတွေလည်း ကြားနေရပါတယ်။ ဦးဘမော်က ပြောပြမှာပါ။