လက်ကိုင်​ဖုန်းပေါ်​က ဘီ⁠ဘီ​စီသတင်း

BBCBurmese.com/mobile စာမျက်နှာကို Bookmark အနေနဲ့ ဘယ်လိုမှတ်ထားနိုင်မလဲ

Bookmark ဆိုတာကိုယ်ကြိုက်တဲ့ ဆိုက်တွေကို နောင်ရှာလို့လွယ်အောင် မှတ်ထားတာဖြစ်ပါတယ်။ BBCBurmese.com/mobile ကိုသုံးနေတုန်းမှာပဲ လက်ကိုင်ဖုံးမီနူးကနေတဆင့် Bookmark, Add bookmark, Favourites ဆိုတဲ့ စာလုံးတွေကတဆင့် ရွေးချယ်ပြီး မှတ်ထားနိုင်ပါတယ်။ နောင်ကျလို့ရှိရင် မီနူးမှာ Bookmarks/Favourites ဆိုတဲ့နေရာကနေ BBC လင့်ကိုရွေးပြီး BBCBurmese.com/mobile ဆိုက်ကိုတန်းသွားနိုင်ပါတယ်။ Bookmarking လုပ်ဖို့ အကူအညီထပ်လိုချင်ရင်တော့ လက်ကိုင်ဖုံးသုံးစွဲနည်း လက်စွဲမှာသွားကြည့် နိုင်ပါတယ်။

BBCBurmese.com/mobile ရဲ့လိပ်စာကဘာလဲ။

htpp://www.BBCBurmese.com/mobile ဖြစ်ပြီးဒီလိပ်စာကို လက်ကိုင်ဖုံးထဲက

Bookmarks/Favourites ဆိုတဲ့နေရာမှာ မှတ်ထားရင် ဝင်ကြည့်တိုင်းလိပ်စာကို ရိုက်စရာ မလိုပါဘူး။

ဘီဘီစီမိုဘိုင်းကို အသုံးပြုရင် ငွေဘယ်လောက်ကုန်ကျမလဲ။

မိုဘိုင်းမှာပါတဲ့ အချက်တွေကိုသုံးလို့ ဘီဘီစီက အခကြေးငွေမယူပါဘူး။ ဒါပေမဲ့ ကိုယ်သုံးတဲ့ ဒေတါအချက်အလက်ပေါ်မူတည်ပြီးတယ်လီဖုံးလိုင်းကငွေတောင်းကောင်း တောင်း နိုင်ပါတယ်။ အဲဒီဒေတာအတွက်အခဘယ်လောက်ကျတယ်ဆိုတာ မသေချာရင် တယ်လီဖုံးလိုင်း ကုမ္ပဏီကိုမေးနိုင်ပါတယ်။

အခကြေးငွေ ကန့်သတ်နိုင်ခြင်း

မိုဘိုင်းအင်တာနက်ကို ဝင်ကြည့်ရာမှာ ကုန်ကျစားရိတ်ကန့်သတ်တဲ့ နည်းလမ်းတချို့ရှိပါတယ်။

Data Bundle လို့ခေါ်တဲ့ လစဉ်ဒါမှမဟုတ်နေ့စဉ် ပုံသေသတ်မှတ်တဲ့ဈေးနှုံးမျိုးကို ဝယ်သုံးရင်

မိုဘိုင်းအင်တာနက်မှာ အထူးသဖြင့်ကိုယ်က အသုံးအလွန်များတဲ့သူဆိုရင် လစဉ်သုံးစွဲမှုကို ကန့်သတ် ထားနိုင်ပါတယ်။အသေးစိတ်သိချင်ရင်တော့ လက်ကိုင်ဖုံးလိုင်းကုမ္ပဏီကိုမေးနိုင်ပါတယ်။

နောက်တနည်းကတော့ Wi-Fi သုံးနိုင်ပါတယ်။ လက်ကိုင်ဖုံးတော်တော်များများတို့ဟာ အခုအခါ Wi-Fi စံနစ်ကို ဖုံးထဲမှာနဂိုကထည့်ပြီးသားဖြစ်ပါတယ်။ ဒီနည်းကိုသုံးပြီးတော့လည်း ဒေတာအတွက် ကုန်ကျစားရိတ်သက်သာအောင် BBC Gahuza Mobile မှာဝင်သုံးနိုင်ပါတယ်။ ဒီနည်းကို အိမ်မှာရှိတဲ့ broadband ဝိုင်ယာလက်ကဖြစ်စေ ဝိုင်ယာလက်သုံးလို့ရတဲ့ နေရာကနေဆက်သွယ် အသုံးပြုရမှာပါ။ ကိုယ့်ဖုံးမှာ Wi-Fi စံနစ်ပါမပါသိချင်ရင်တော့ ဖုံးထုတ်လုပ်သူ ဒါမှမဟုတ် ဖုံးလိုင်းကိုင်သူကိုစုံစမ်းကြည့်နိုင်ပါတယ်။

ဘီဘီစီရဲ့ ချိတ်ဆက်သုံးစွဲ့ ပေါ်လစီကဘာလဲ။

ဘီဘီစီရဲ့ သတင်းအချက်အလက်မူဝါဒတွေနဲ့ကိုက်ညီရင် BBCBurmese.com/mobile အနေနဲ့ ဘီဘီစီရဲ့ ပြင်ပစာမျက်နှာတွေနဲ့ ဆက်ထားပါတယ်။ အပြင်ဆိုက်တွေကို ငွေအတွက် ဝန်ဆောင်မှုနဲ့ အခြားအခွင့်အရေးမျိုးအတွက်ဘီဘီစီအနေနဲ့ ချိတ်ဆက်တာမရှိပါဘူး။ BBCBurmese.com/mobile နဲ့ဆက်ထားတဲ့ ဆိုက်အားလုံးတို့ဟာ ဘီဘီစီ သတင်းအချက်အလက်မူဝါဒနဲ့ကိုက်ညီမှု ရှိပြီး အဲဒီလိုပရိဿတ်အတွက် လည်းသင့်တော်မဲ့ ဆိုက်တွေဖြစ်ပါတယ်။

ဘီဘီစီရဲ့မူဝါဒနဲ့ကိုက်ညီမှုရှိမရှိဆက်လက် စိစစ်နေပေမဲ့ ဒီဆိုက်တွေထဲက အချက်အလက်တွေအတွက် ဘီဘီစီမှာ တာဝန်မရှိပါဘူး။ပြင်ပဆိုက်တွေကို ဆက်ထားတာဟာ ဒီဆိုက်တွေကို ထောက်ခံ အားပေးတယ်လို့ မယူဆနိုင်ပါဘူး။

ပြင်ပဆိုက်တွေသင့်တော်မှုရှိမရှိ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကိုဘီဘီစီကကြိုဆိုပါတယ်။ တကယ်လို့ သဘောထားမှတ်ချက်ပေးချင်ရင် ပူးတွဲပါပုံစံကတဆင့် ဆက်သွယ်နိုင်ပါတယ်။