ဘီဘီစီမြန်မာပိုင်းအစီအစဉ်နဲ့

ဘီဘီစီမြန်မာဘာသာ အစီအစဉ်ကို တနေ့ သုံးကြိမ် ထုတ်လွှင့်နေပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ကနေ စတင်ပြီး၊ အောက်ပါအသံလှိုင်းတွေ ကနေ ဘီဘီစီ အစီအစဉ်တွေကို ဖမ်းယူနားဆင်နိုင် ကြပါတယ်။

နံနက်ပိုင်းအစီအစဉ် (မနက် ၆ နာရီ ၃၀ မိနစ်က ၇ နာရီ)

လှိုင်းတို ၂၅ ၊ ၃၁ ၊ ၄၉

မီဂါဟတ်ဇ် ၁၁.၇၅၀၊ ၉.၅၁၀၊ ၅.၈၇၅

နံနက်ပိုင်းအစီအစဉ် ပြန်လည်ထုတ်လွှင့်ချက် (မနက် ၈ နာရီခွဲက ၉ နာရီ)

လှိုင်းတို ၂၅ ၊ ၄၁ ၊ ၄၉

မီဂါဟတ်ဇ် ၁၁.၉၉၅၊ ၇.၃၆၀၊ ၅.၉၀၅

နောက်ဆုံးရကမ္ဘာ့သတင်း၊ မြန်မာ သတင်း၊ အာရှဒေသနဲ့ သက်ဆိုင်တဲ့သတင်းတွေ အပါအဝင်၊ တစ်နေ့တာ မိုးလေဝသ ခန့်မှန်းချက်၊ အားကစား သတင်းတွေနဲ့ ကမ္ဘာ့စီးပွားရေး သတင်းတွေကိုလည်း နားဆင်နိုင်ကြပါတယ်။

ညပိုင်းအစီအစဉ်

လှိုင်းတို ၂၅ ၊ ၃၁ ၊ ၄၁

မီဂါဟတ်ဇ် ၁၁.၆၈၅၊ ၉.၉၀၀၊ ၇.၄၀၀

ညပိုင်းအစီအစဉ်ကို မြန်မာစံတော်ချိန် ည ၈နာရီ၁၅ မိနစ်ကနေ ည ၉နာရီ အထိ ၄၅ မိနစ်ကြာ တင်ဆက်ထုတ်လွှင့် နေပါတယ်။

ထိပ်တန်းရောက် မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေနဲ့အတူ သတင်းသုံးသပ်၊ ဆွေးနွေးချက်တွေ၊ သောတရှင်တွေနဲ့ အတူ တိုက်ရိုက် ဆွေးနွေးချက်တွေကို တင်ဆက်ပေး နေပါတယ်။ အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင်နိုင်ကြပါတယ်။

ဘီဘီစီမြန်မာပိုင်း အစီအစဉ်တွေကို လှိုင်းတိုမီတာ ရေဒီယိုကနေ ဖမ်းယူနားဆင် နိုင်သလို၊ ဂြိုဟ်တုကနေလဲ ဖမ်းယူနားဆင် နိုင်ပါတယ်။

ဂြိုဟ်တုကနေ ဖမ်းယူနားဆင်နည်း

အင်တာနက် စာမျက်နှာပေါ်မှာလည်း နေ့စဉ် စာမျက်နှာအသစ်တွေကို ဝင်ရောက်ဖတ်ရှု နိုင်သလို၊ ရေဒီယိုအစီအစဉ် တွေကိုလည်း နားဆင်နိုင်ပါတယ်။

သွားလေရာကို ယူသွားပြီး ကိုယ်အဆင်ပြေတဲ့ အချိန်မှာ နားဆင်နိုင်ဖို့ ပေါ့ဒ်ကတ်စ်ကလည်း ဒေါင်းလုဒ် လုပ်နိုင်ကြပါပြီ။

Podcast နဲ့ download လုပ်ရန်