RSS နည်းနဲ့ သတင်းရယူရန်

RSS နည်းနဲ့ သတင်းရယူတယ် ဆိုတာဘာလဲ ?

RSS နည်းနဲ့ သတင်းရယူခြင်းဟာ ဘီဘီစီမြန်မာပိုင်းအစီအစဉ်ရဲ့ အင်တာနက် စာမျက်နှာပေါ်က နောက်ဆုံးရ သတင်းတွေကို သူ့အလိုအလျောက် ရရှိအောင်လုပ်တဲ့ အလွယ်ကူဆုံးနည်းဖြစ်ပါတယ်။

BBCBurmese.com အင်တာနက်စာမျက်နှာပေါ်မှာ နောက်ဆုံးရ သတင်းတွေ၊ သောတရှင်တို့ စိတ်ဝင်စားစရာ အဖြာဖြာတို့ကို နေ့စဉ် တင်ပေးသွားမှာဖြစ်ပြီး၊ တင်သမျှ အကြောင်းအရာသစ်တွေကို သောတရှင်တို့ရဲ့ RSS News Reader ကနေတဆင့် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ထားမယ်ဆိုရင် သောတရှင်တို့ရဲ့ RSS News Reader မှာ နောက်ဆုံးရ သတင်းခေါင်းစဉ်တွေနဲ့အတူ သတင်းအကျဉ်းချုပ်ကို ဖတ်ရမှာဖြစ်ပြီး၊ အဲဒီ လင့်ကနေတဆင့် သတင်း အပြည့်အစုံရှိရာကို သွားရောက် ဖတ်ရှုလို့ရမှာ ဖြစ်ပါတယ်။

BBCBurmese.com မှ RSS နည်းနဲ့ သတင်းရယူနိုင်ရန် အောက်ပါတို့မှ နှစ်သက်ရာကို ရွေးချယ်ပါ။

ပင်မစာမျက်နှာ

မြန်မာ့ရေးရာ

ဆွေးနွေးဖလှယ်

အစီအစဉ်များ

တိုင်းရင်းသားရေးရာ

ကုန်သွယ်စီးပွား

BBCBurmese.com မှ RSS နည်းနဲ့ဘယ်လို သတင်းရယူမလဲ?

RSS News Reader လို့ခေါ်တဲ့ ပရိုဂရမ်တစ်ခုကို သောတရှင်ရဲ့ကွန်ပြူတာထဲမှာ ထည့်ထားဖို့ လိုပါတယ်။ အဲဒီ ပရိုဂရမ်က RSS နည်းနဲ့ သောတရှင် ရွေးချယ်ထားတဲ့ အင်တာနက်စာမျက်နှာပေါ်က သတင်းတွေကိုပြပေးမှာ ဖြစ်ပါတယ်။ RSS နည်းနဲ့ သတင်းရယူဖို့ အောက်ပါနည်းတွေထဲက ကြိုက်နှစ်သက်ရာ တခုခုကို အသုံးပြုနိုင်ပါတယ်။

၁။ သောတရှင်ရဲ့ News Reader ထဲကို လိမ္မော်ရောင် RSS ခလုတ်ကို ဆွဲထည့်နည်း၊

၂။ RSS feed ရဲ့ URL ကို News Reader ထဲကို ဆွဲထည့်နည်း၊

၃။ RSS feed ရဲ့ URL ကို News Reader ထဲကို ကူးယူပြီးထည့်နည်း၊

RSS News Reader ကိုဘယ်လို ရယူမလဲ?

RSS News Reader ဒါမှမဟုတ် အလားတူ ပရိုဂရမ်တွေအမျိုးမျိုး ရရှိနိုင်ပါတယ်။ အင်တာနက် ရှာဖွေရေးအင်ဂျင်တွေ မှာလဲ အသေးစိတ်ရှာဖွေ နိုင်ပါတယ်။ ယေဘူယျအားဖြင့် RSS News Reader တွေကို အခမဲ့ရရှိ နိုင်ပါတယ်။

Operating System အလိုက် အသုံးပြုနိုင်တဲ့ RSS News Reader အမျိုးမျိုးရှိတာကြောင့် သောတရှင်အသုံးပြုတဲ့ Operating System နဲ့ကိုက်ညီတဲ့ RSS News Reader ကိုရှာဖွေအသုံးပြုရမှာ ဖြစ်ပါတယ်။

နောက်သတိပြုဖို့ တချက်က RSS News Reader က တချို့ဘာသာစကားတွေကို ဖော်ပြပေးနိုင်ခြင်း မရှိပါဘူး။