BBC navigation

ဘီဘီစီကိုအသုံးပြုသူသောတရှင်တွေရဲ့ပေးပို့ချက်

အကြောင်းအရာ (Topic)

မေး။ အသုံးပြုသူသောတရှင်တွေရဲ့ပေးပို့ချက် (User Generated Content) ဆိုတာဘီဘီစီက ဘာကိုဆိုလိုတာပါလဲ။

ဖြေ။ မကြာသေးခင် နှစ်တွေအတွင်း နည်းပညာ တိုးတက်မှုနဲ့အတူ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ရိုက်ကူးထားတဲ့ဗီဒီယိုနဲ့ ဓာတ်ပုံတွေ၊ မိုဘိုင်းဖုန်းကနေတဆင့် စာရိုက်ပြီးပေးပို့ချက် (text message) တွေ၊ ဒိုင်ယာရီလိုရေးနိုင်တဲ့ဘလော့ (blog) စာမျက်နှာတွေ၊ စိတ်ဝင်စားသူ အချင်းချင်း သတင်းအချက်အလက်ဖလှယ်နိုင်တဲ့အင်တာနက်စာမျက်နှာ (message board) တွေ၊ အင်တာနက်စာပို့စံနစ် (email) နဲ့ အင်တာနက်ကနေတဆင့်အသံပေးပို့မှုစံနစ် (audio submission) တွေကိုလူအများအသုံးပြုနိုင်လာကြပါတယ်။

အများဆုံးမေးတတ်တဲ့မေးခွန်းတွေအကြောင်းရှင်းပြထားတဲ့ဒီစာမျက်နှာနဲ့၊ဘီဘီစီကိုအသုံးပြုသူများလိုက်နာဖို့လိုတဲ့စည်းကမ်းချက် (Terms of Use) တွေထဲမှာရည်ညွှန်းထားတဲ့ ယူဂျီစီ ဆိုတာကတော့၊သောတရှင်သို့မဟုတ်ဘီဘီစီကိုအသုံးပြုသူတွေကတိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဘီဘီစီကိုပေးပို့တဲ့၊ဒါမှမဟုတ်မျှဝေတဲ့အရာအားလုံးကိုဆိုလိုပါတယ်။

မေး။ မိမိကိုယ်ပိုင်ဖန်တီးထုတ်လုပ်ထားတဲ့အရာတခုကိုအသုံးပြုခွင့်ပေးလိုက်ခြင်းအားဖြင့်၊ဘီဘီစီကိုဘယ်လိုလုပ်ပိုင်ခွင့်တွေအပ်နှင်းလိုက်တာလဲ။

ဖြေ။ ပေးပို့သူအနေနဲ့မိမိရဲ့ကိုယ်ပိုင်ဖန်တီးထုတ်လုပ်ချက်ကိုအသုံးပြုဖို့ဘီဘီစီကိုလိုင်စင်၊သို့မဟုတ်ခွင့်ပြု ချက်ပေးလိုက်တာဘဲဖြစ်ပါတယ်။ သို့သော်လည်း အဲဒီပေးပို့ထားတဲ့ ပစ္စည်းကို ပေးပို့သူကသာ ဆက်ပြီးပိုင်ဆိုင်ပါတယ်။ ဒါ့အပြင်၊ ဘီဘီစီကိုအသုံးပြုခွင့်ပေးလိုက်တဲ့ ယူဂျီစီ တွေကို ဘီဘီစီ တခုတည်းကသာအသုံးပြုခွင့်ရှိတာမဟုတ်ပါဘူး။ သဘောကတော့ ပေးပို့သူ အနေနဲ့ အဲဒီယူဂျီစီကို တခြားသူတွေကို ပေးသုံးတာ အပါအဝင် မိမိကြိုက်သလို ဆက်ပြီးအသုံးပြုနိုင်ပါတယ်။

ဘီဘီစီရဲ့အသုံးပြုသူများလိုက်နာရမယ့်စည်းကမ်းချက် (Terms of Use) မှာသတ်မှတ်ထားချက်အရ၊ ဖန်တီးပိုင်ဆိုင်သူကပေးပို့လိုက်တဲ့၊ဒါမှမဟုတ်မျှဝေလိုက်တဲ့ယူဂျီစီတွေကို၊ယူကေနိုင်ငံတွင်းမှာဘဲ ဖြစ်ဖြစ်၊ကမ္ဘာတလွှားဘယ်နေရာမှာဘဲဖြစ်ဖြစ်၊ဘီဘီစီလက်အောက်မှာရှိတဲ့မည်သည့်နေရာဌာနမှာမဆိုအခမဲ့အသုံးပြုဖြန့်ဝေခွင့်ရှိမှာဖြစ်ပါတယ်။

ဒါဟာဘီဘီစီကိုကျယ်ကျယ်ပြန့်ပြန့်လုပ်ပိုင်ခွင့်၊အခွင့်အရေးတွေပေးလိုက်တာလို့ထင်ရပေမယ့်၊ဘီဘီစီအနေနဲ့က အသွင်အမျိုးမျိုးနဲ့ ဝန်ဆောင်မှု အများအပြားကို ဆောင်ရွက်ပေးနေတာဖြစ်ပြီး၊ အခုပြောထားတဲ့သတ်မှတ်ချက်တွေဟာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ဘီဘီစီကိုပေးပို့ကြတဲ့ ကျယ်ပြန့်တဲ့ ယူဂျီစီအသွင်အမျိုးမျိုး အတွက်အကြုံးဝင်အောင် ဘီဘီစီရဲ့စံနှုန်းအနေနဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ သောတရှင်ပေးပို့လိုက်တာတဲ့ယူဂျီစီကိုအသုံးပြုနိုင်ဖို့အတွက် ဆိုရင် (ဥပမာ၊ ဓာတ်ပုံတခုကို၊ဒါမှမဟုတ်ဗီဒီယိုရိုက်ကူးချက်အတို (video clip) လေးတခုကို bbcburmese.com အင်တာနက်စာမျက်နှာပေါ်မှာဖော်ပြဖို့ ဆိုရင်) ယူဂျီစီတွေကိုအသုံးပြုတဲ့ဌာနတွေရဲ့လိုအပ်ချက်အတိုင်းသုံးလို့ရအောင်၊လုံလောက်တဲ့ခွင့်ပြုချက်ကိုရရှိထားဖို့လိုအပ်ပါတယ်။

ဒီစည်းကမ်းချက်အရလုပ်ပိုင်ခွင့်ကိုရယူထားခြင်းအားဖြင့် ဥပမာသတင်းနဲ့သက်ဆိုင်တဲ့ယူဂျီစီတွေကိုတခြားအသံလွှင့်တဲ့ဌာတွေဆီပို့ပေးတာမျိုး၊ ဘီဘီစီအနေနဲ့ယုံကြည်စိတ်ချရတဲ့တတိယအဖွဲ့အစည်း၊သို့မဟုတ်ပုဂ္ဂိုလ်တွေကိုထပ်ဆင့်အသုံးပြုခွင့် ပေးလို့ရမှာဖြစ်ပါတယ်။ ဒါ့အပြင်/ဒါမှမဟုတ် ဒေသအာဏာပိုင်လိုမျိုး၊တခြားအများပြည်သူနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းလိုမျိုးကသင့်လျော်တဲ့ အကြောင်းကိစ္စတခုခုအတွက်အသုံးပြုဖို့တောင်းခံလာတဲ့အခါ၊ဘီဘီစီကထပ်ဆင့်ပေးလို့ရမှာ ဖြစ်ပါတယ်။ တကယ်လို့ဘီဘီစီကသောတရှင်ပေးပို့လိုက်တဲ့ယူဂျီစီတခုခုကို၊ယုံကြည်ရတဲ့လုပ်ဖော်ကိုင်ဖက်တွေဆီထပ်ဆင့်မျှဝေတဲ့အခါမျိုးမှာလည်း၊အသုံးပြုသူအနေနဲ့အဲဒီယူဂျီစီကိုတနည်းနည်းနဲ့ပြောင်းလဲလိုက်တာမျိုး၊ဒါမှမဟုတ်ယူကေနိုင်ငံထဲမှာအခြေစိုက်တဲ့တခြားအသံလွှင့်ဌာနဒါမှမဟုတ်ပုံနှိပ်သတင်းဌာနတခုခုဆီပေးပို့လိုက်တာမျိုးမဖြစ်ရအောင်အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်မှာဖြစ်ပါတယ်။ ယူဂျီစီကိုလက်ခံရရှိတဲ့အခါမှာလည်း၊အဲဒါကိုဘယ်လိုအသုံးပြုပါမယ်ဆိုတာနဲ့ပတ်သက်ပြီးပေးပို့သူကိုအသိပေးနိုင်ဖို့အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်မှာဖြစ်ပါတယ်။

ဘီဘီစီကထုတ်လုပ်ထားတဲ့အစီအစဉ်နဲ့ထုတ်လုပ်မှုတွေကိုလိုင်စင်နဲ့အသုံးပြုခွင့်ပေးထားတဲ့နိုင်ငံ တကာအသံလွှင့်ဌာတွေ၊ ဘီဘီစီအင်တာနက်ဆိုက်ကိုယူကေပြင်ပမှာအသုံးပြုသူတွေအနေနဲ့ယူဂျီစီတွေထည့်သုံးထားတဲ့ ဘီဘီစီအစီအစဉ်နဲ့အတူကြော်ညာတွေကိုလည်းအခါအားလျော်စွာ တွေ့ရနိုင်ပါတယ်။ အဲဒီလိုတွေ့ရတာတွေဟာဘီဘီစီကတမင်ရည်ရွယ်ထားတာကြောင့်မဟုတ်သလို၊ယူဂျီစီကိုအသုံးပြုပြီး ဝင်ငွေရှာတာမျိုးဘီဘီစီကလုံးဝလုပ်မှာမဟုတ်ပါဘူး။

မေး။ ဘီဘီစီကိုပေးပို့လိုက်တဲ့ယူဂျီစီနဲ့ပတ်သက်ပြီးပေးပို့သူမူလပိုင်ရှင်အနေနဲ့ဘယ်အခွင့်အရေးတွေကို ဆက်ပြီးခံစားခွင့်ရှိပါသလဲ။

ဖြေ။ ဘီဘီစီကိုယူဂျီစီတခုခု (စာနဲ့ရေးသားချက်၊ ဓာတ်ပုံ၊ ရုပ်ပုံ၊ အသံအားလုံးအပါအဝင်) ပေးပို့လိုက်တယ်ဆိုရင်၊ မူလပိုင်ရှင်ပေးပို့သူအနေနဲ့အဲဒီယူဂျီစီရဲ့မူပိုင်ခွင့်ကိုဆက်လက်ရရှိမှာဖြစ်ပါတယ်။ ဘီဘီစီကိုပေးပို့ခြင်းဟာတကယ်တော့ဘီဘီစီတခုတည်းကိုလုံးဝအပိုင်ပေးလိုက်တာမဟုတ်ဘဲ၊ အဲဒီယူဂျီစီကိုဘီဘီစီကအသုံးပြုဖို့ (လိုအပ်ရင်ထပ်ဆင့်ပြီးတခြားလူပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေကိုအသုံးပြုခွင့်ပေးဖို့) ခွင့်ပြုတာသာဖြစ်တဲ့အတွက်၊ပေးပို့သူမူလပိုင်ရှင်အနေနဲ့အဲဒီယူဂျီစီကို၊ကိုယ်တိုင်အသုံးပြုတာဘဲ ဖြစ်ဖြစ်၊တခြားသူတွေကိုအသုံးပြုခွင့်ပေးတာဘဲဖြစ်ဖြစ်လုပ်ခွင့်ရှိပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။